ဟာ့ဂ်ျဘုရားဖူးရင်း ‌ေ-သဆုံးသူ ၁,၃၀၀ ကျော်လာပြီဖြစ်

0
401

ကိုင်ရို၊ဇွန် ၂၄

ယခုနှစ်အတွက် ဟာ့ဂ်ျ ဘုရားဖူးခရီးစဉ်အတွင်း ‌ေ-သဆုံးသူအရေအတွက်သည် စုစုပေါင်း ၁,၃၀၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ဆော်ဒီအာရေးဗျ ကျန်းမာရေးဝန်ကြီး Fahad Al-Jalajel က ဇွန် ၂၃ ရက်တွင်ပြောကြားခဲ့သည်။

အစိုးရရုပ်မြင်သံကြား၏‌ဖော်ပြချက်ကို ကိုးကား၍ ဝန်ကြီးက “ဘုရားဖူးများသည် နေရောင်ခြည်တိုက်ရိုက်အောက်တွင် လုံလောက်သောအမိုးအကာလည်း မရှိ သက်သောင့်သက်သာလည်း မရှိဘဲ လမ်းကို ဝေးလံစွာ လျှောက်ရခြင်းကြောင့် ‌ေ-သဆုံးရခြင်းဖြစ်သည်” ဟုလည်းပြောကြားခဲ့သည်။

‌ေ-သဆုံးသူများတွင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါဝေဒနာခံစားရသူများလည်း ပါဝင်ပြီး ‌ေ-သဆုံးသူများ၏ ၈၃ ရာခိုင်နှုန်းခန့်သည် ဘုရားဖူးပြုရန် တရားဝင်ခွင့်ပြုထားခြင်းမရှိသူများထဲတွင် ပါဝင်သည်ဟုလည်း၎င်းကဆိုခဲ့သည်။

ဟာ့ဂ်ျဘုရားဖူးခရီးစဉ်ကုန်ကျစရိတ်ကို မတတ်နိုင်သုများသည် တရားမဝင် ဝင်ရောက်ဘုရားဖူးရာမှ ပူပြင်းလှသည့်ရာသီဥတုအတွင်း ရေမလုံလောက်မှု၊တည်းခိုစရာနေရာသက်သောင့်သက်သာမရှိမှုများကြောင့် ယခု ကဲ့သို့ အစုလိုက်အပြုံလိုက်‌ေ-သဆုံးကြရခြင်း ဖြစ်သည်။

“တရားမဝင် ဝင်ရောက်လာတယ်ဆိုပေမဲ့ မြင့်မြတ်တဲ့နေရာရဲ့ ဂိတ်တံခါးရောက်လာမှတော့ ကျွန်တော်တို့ က အတင်းမောင်းမထုတ်လိုပါဘူး၊ဒါကြောင့်လည်း လူအရမ်းများပြီး အခုလိုတွေဖြစ်ကြရတာပါ” ဟု ဆော်ဒီအာဏာပိုင်တစ်ဦးကပြောကြားခဲ့သည်။

တရားမဝင် ဘုရားလာဖူးသူများတွင် အီဂျစ်နိုင်ငံသားများသည် အများစုဖြစ်ကာ စုစုပေါင်း ၆၅၈ ဦးအထိ‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။‌ေ-သဆုံးသူ ၆၅၈ ဦးတွင် ၆၃၀ သည် တရားမဝင်လမ်းမှဝင်ရောက်လာသူများဖြစ်သည်ဟုသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here