ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ရောင်းချပေးသည့် ဆန်ဈေးနှုန်းသည် တစ်နိုင်ငံလုံး၌ရောင်းချရမည့်လက်ကားဈေးနှုန်းဖြစ်ဟုဆို

0
155

ဇွန်လ (၂၄)ရက်နေ့တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေသည့် ဆန်ဈေးနှုန်းများသည် လာမည့်လများတွင် တစ်နိုင်ငံလုံး၌ ရောင်းချရမည့်လက်ကားဈေးနှုန်းများဖြစ်ကြောင်းဝါးတန်း ကုန်စည်ဒိုင်မှ သိရသည်။

ယမန်နေ့တွင် သတ်မှတ်ကုန်စည်ဒိုင်များ၌ သက်သာသောဈေးနှုန်းဖြင့် ဆန်များကိုရောင်းချပေးနေပြီး ယင်းဈေးနှုန်းကိုသာ နောက်ပိုင်းတွင် တစ်နိုင်ငံလုံးလက်ကားဈေးအဖြစ်သတ်မှတ်သွားမည်ဖြစ်သည်။

ယခုအခါ နယ်ဖက်များမှ ဆန်များမဝင်သေးသည့်အတွက် ကုန်စည်ဒိုင်က ရောင်းချပေးနေခြင်းဖြစ်ကြောင်း သက်သာသည့်ဈေးနှုန်းဖြင့် ဆန်များကိုရောင်းချပေးနေခြင်းသည် ဈေးကွက်ထဲသို့ ဆန်မဝင်ရောက်မီကာလအတွင်း ကြိုတင်ရောင်းချပေးသည့် သဘောဖြစ်ကြောင်း သိရသည်။

” လာမယ့်လတွေမှာ အခုရောင်းပေးနေတဲ့ ဈေးကိုတစ်နိုင်ငံလုံးမှာရှိတဲ့ လက်ကားဆိုင်တွေက ဒီဈေးအတိုင်းရောင်းရမှာပါ။ ဈေးကွာလည်း ၅ ရာခိုင်နှုန်းလောက်ပဲကွာပြီး ဒီဈေးနဲ့ရောင်းချပေးရမှာ။ အခုရောင်းနေတဲ့ ဈေးထက် ပိုပြီးမရောင်းရတော့ ဒါက သတ်မှတ်ဈေးဖြစ်သွားမှာ။ နောက်ပိုင်းမှာ ကုန်စည်ဒိုင်က မရောင်းပေးတော့ပဲ လက်ကားဆိုင်နဲ့ ကုန်စည်ဒိုင်တွေက ဒီဈေးနဲ့ပဲ အကုန်ရောင်းရမှာ” ဟု ဝါးတန်းကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်းအဆမတန်ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို ခေါ်ယူဆွေးနွေးခဲ့ပြီးနောက် ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၅,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၁၀, ၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြားနှင့် ဧည့်မထဆန် (၁၅%) တစ်အိတ် ကျပ် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကြားဖြင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်နှင့် ဝါတန်းဆန်ကုန်စည်ဒိုင်များတွင် ဇွန် (၂၄) ရက်မှစတင်၍ နေ့စဉ် နံနက် (၉)နာရီခွဲမှ ညနေ (၃) နာရီခွဲအထိ ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့ပြင် ပေါ်ဆန်းဆန် တစ်ပြည်လျှင် ငွေကျပ် ၅၀၀၀၊ ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ နှင့် ပေါ်ဆန်း ဆန်ငါးပြည်တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here