မြန်မာသို့ ကုလမှတဆင့် ဖွံ့ဖြိုးရေးအကူအညီ (၄၀)ရာခိုင်နှုန်းကျော်လျော့ကျ
UNDP Myanmar ကလူပေါင်း (၂)သန်းကျော်ကို ကူညီခဲ့

0
199

သုံးနှစ်တာအတွင်း မြန်မာနိုင်ငံတွင် လူလတ်တန်းစား လူဦးရေ ထက်ဝက်ခန့်ကျဆင်း

သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ လူလတ်တန်းစားလူဦးရေသည် (၅၀) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်ဟု UNDP Myanmar ၏ ဇွန် (၂၄) ရက် ထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေကာ လူပေါင်း ၁၃.၃ သန်းသည် စားနပ်ရိက္ခာမလုံ လောက်မှုကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် (၄၀)ရာခိုင်နှုန်းကျော်လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်များသည်လည်း ရန်ပုံငွေမလုံလောက်ဘဲ ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း ၄င်းတို့အနေဖြင့် လူပေါင်း (၂)သန်းကျော်ကို ကူညီခဲ့ပြီးဖြစ်ကာ လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူပေါင်း (၈) သန်းအထိ ရောက်ရှိကူညီနိုင်ရန် ရည်မှန်းထားကြောင်း UNDP Myanmar က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ချည်းကပ်ပုံလည်းပြောင်းလဲထားပြီး လုပ်အားအတွက် ငွေသားပေးအပ်ထောက်ပံ့ခြင်း၊ လယ်ယာကဏ္ဍမြှင့်တင်ခြင်းမှ ဒေသခံတောင်သူလယ်သမားများအတွက် အထောက်အပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန်လုပ်ဆောင်နေသည်ဟု UNDP Myanmar ကဆိုသည်။

ထိုနည်းတူ ရပ်ရွာမှ ဦးဆောင်သည့် ချဥ်းကပ်ကူညီမှုများဖြ င့် စားနပ်ရိက္ခာ လက်လှမ်းမီမှုနှင့် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းအဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်များတွင်ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here