ကျောက်မဲမြို့အနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားနေပြီး ဒေသခံများမြို့တွင်း ပိတ်မိနေ

0
157

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့အနီးတွင် ယနေ့ ဇွန် (၂၅) ရက်၊ နံနက်(၅)နာရီ အချိန်ခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများမြို့အတွင်း ပိတ်မိနေကြကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

ထို့ပြင် ကျောက်မဲမြို့အနီးပတ်ဝန်းကျင် ကျေးရွာများရှိဒေသခံများ နောင်ပိန်သို့ ကြိုတင်စစ်ရှောင်နေကြရပြီး ဒေသခံ စစ်ရှောင်အရေအတွက်ကိုမူ ပြောဆို၍မရသေးကြောင်း ဆိုသည်။

“ နောင်ပိန်နားတစ်ကြောလည်း ဖြစ်တဲ့အတွက် စစ်ရှောင်နေကြတယ်။ ကျောက်မဲက မနက်ငါးနရီလောက်တည်းက စဖြစ်နေကြတာ။ မြို့ပတ်ပတ်လည် လေးနေရာလောက်မှာ ဖြစ်နေတာ။ မြို့ထဲကိုလည်း လက်နက်ကြီးကျည် တွေကျတယ်။ တစ်ယောက်‌ေ-သတယ်။ တစ်ယောက်ကတော့ ‌ေ-သလားရှင်လားမသိသေးဘူး။ ကျောက်မဲမြို့ကို အဝင်အထွက် အကုန်ပိတ်ထားတဲ့အတွက် ဒေသခံတွေ ထွက်လို့ မရဘူး။ အကုန်လုံး ပိတ်မိနေတယ်။ မြို့ထဲမှာလည်း အားလုံး တိတ်ဆိတ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဒေသတွင်းစစ်ရှောင်အရေးဆောင်ရွက်နေသည့်အဖွဲ့များက စစ်ရှောင်များအတွက် နေရာထိုင်ခင်း ထားရှိပေးနိုင်ရန်ဆောင်ရွက်လျှက်ရှိကြောင်း သိရပြီး ရှမ်းပြည် နယ်မြောက်ပိုင်းအတွင်း တစ်ကျော့ပြန်စတင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့အပါအဝင် အနီးပတ်ဝန်းကျင်ရှိမြို့များနှင့် ကျေးရွာနေ ပြည်သူများ စိုးရိမ်စိတ်များ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယနေ့ ကျောက်မဲမြို့အနီးဖြစ်ပွားနေသော နှစ်ဘက်ထိတွေ့တိုက်ပွဲများနှင့်ပတ်သက်၍ ဒေသခံစစ်ရှောင်များနှင့် တိုက်ပွဲအခြေအနေကို ပေါ်ပြူလာနယူးစ်အနေဖြင့် ဆက်လက်စုံစမ်းမေးမြန်းနေပြီး ဖော်ပြသွားပါမည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here