စစ်ပွဲအလွန် ဂါဇာအစီအစဉ်ကို အလေးထားရန် အစ္စရေးကို အန်တိုနီတိုက်တွန်း

0
119

ဝါရှင်တန်၊ဇွန် ၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နှင့် ဆွေးနွေးရာ၌ လက်ဘနွန်တွင် တင်းမာမှုများထပ်မံ တိုးမြင့်လာမှုကို ရှောင်ရှားရန်တောင်းဆိုခဲ့ပြီး စစ်ပွဲအလွန်ဂါဇာအစီအစဉ်ကို အလေးထားရန်တိုက်တွန်းခဲ့သည်ဟုသိရသည်။

မစ္စတာ ဘလင်ကန်သည် ပဋိပက္ခများ ပိုမိုပြင်းထန်လာမှုကို ရှောင်ရှားရန်နှင့် အစ္စရေး၊လက်ဘနွန်မိသားစုနှစ်နိုင်ငံမိသားစုများကို ၎င်းတို့၏နေရပ်သို့ ပြန်ခွင့်ပြုနိုင်မည့် သံတမန်ရေးရာဆုံးဖြတ်ချက်ချရန် အရေးကြီးကြောင်းပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာကပြောကြားခဲ့သည်။

စစ်ပြီးချိန်၌ ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေးအတွက် ခိုင်မာလက်တွေ့ကျသော အစီအစဉ်၏ အရေးပါမှုကိုလည်း ဘလင်ကန်ကအလေးပေးပြောကြားခဲ့ကြောင်းသိရသည်။

ဂါဇာကမ်းမြောင်ဒေသ၌ပဋိပက္ခကို ရှောင်ရှားရန်နှင့် လူသားချင်းစာနာထောက်ထားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ အလည်အပတ်ရောက်ရှိနေသည့်အစ္စရေးကာကွယ်ရေးဝန်ကြီးနှင့်ပါ ဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ကျင်းပနေတဲ့ အစည်းအဝေးတွေဟာ ဂါဇာစစ်ပွဲ၏အနာဂတ်နှင့် စစ်ပွဲရည်မှန်းချက်များအောင်မြင်ဖို့ မြောက်ပိုင်းနယ်စပ်နှင့်အခြားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အလွန်အရေးကြီးစွာ အကျိုးသက်ရောက်မှုရှိပါတယ်” ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here