ဂျူလီယန်အက်ဆန်း ဗြိတိန်အကျဉ်းထောင်မှ လွတ်မြောက်လာ

0
131

အက်ဆန်းနှင့် အမေရိကန် အစိုးရရှေ့နေများကြား အသနားခံ ညှိနှိုင်းမှုနှင့်ပတ်သက်၍ ဝီကီလိခ်သည် အမေရိကန်တရားရုံးတစ်ခုမှ အချက်အလက်များကိုလည်း အတည်ပြုခဲ့သည်။

WikiLeaks ကိုတည်ထောင်သူ ဂျူလီယန်အက်ဆန်းသည် ၂၀၁၉ ခုနှစ်ကတည်းက အကျဉ်းကျနေခဲ့ရသည့် ဗြိတိန် ဘဲလ်မာ့ရှ်(Belmarsh) အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး ဗြိတိန်နိုင်ငံမှ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ကြောင်း WikiLeaks မှ ပြောကြားခဲ့သည်။

“သူသည် ဘဲလ်မာ့ရှ် တွင် ရက်ပေါင်း ၁၉၀၁ ရက်ကြာနေထိုင်ခဲ့ပြီးနောက် ဇွန်လ ၂၄ရက်နေ့ နံနက်တွင် ယင်းအကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပါသည်။ လန်ဒန်တရားရုံးချုပ်မှ အာမခံပေးခဲ့ပြီးနောက် ထိုနေ့ နေ့လည်ပိုင်းတွင် ဗြိတိန်နိုင်ငံ Stansted လေဆိပ်မှ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်” ဟု WikiLeaksက X တွင် ရေးသားထားသည်။

အက်ဆန်းနှင့် အမေရိကန် အစိုးရရှေ့နေများကြား အသနားခံ ညှိနှိုင်းမှုနှင့်ပတ်သက်၍ အက်ဆန်းသည် အမေရိကန်တရားရုံးတစ်ခုတွင် “တရားဝင် အပြီးသတ်ခြင်း” မရှိသေးသော အမှုတစ်မှုကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။

အက်ဆန်းအနေဖြင့် တစ်စိတ်တစ်ပိုင်း အပြစ်ရှိကြောင်း လျှောက်လဲချက် တင်သွင်းနိုင်သည့် ကြားနာမှုသည် ဇွန် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ (ဇွန် ၂၅ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၉ နာရီ)တွင် အမေရိကန် ဓနသဟာယ ဆိုင်ပန်ကျွန်း(Saipan)မှ တရားရုံးတစ်ခု၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here