ဟာ့ဂ်ျဘုရားဖူးများ‌ေ-သဆုံး၍ ခရီးသွားလုပ်ငန်းကုမ္ပဏီများကို အီဂျစ်က လိုင်စင်ပိတ်

0
285

ကိုင်ရို၊ဇွန် ၂၄

ယခုနှစ် ဟာ့ဂ်ျဘုရားဖူးကာလအတွင်း၌ အီဂျစ်နိုင်ငံသားအများစု ‌ေ-သဆုံးခဲ့မှုအတွက် အီဂျစ်အစိုးရက သက်ဆိုင်ရာခရီးသွားလုပ်ငန်းကုမ္ပဏီများကို အစိုးရရှေ့နေများနှင့်တရားစွဲဆိုကာ ခရီးသွားလုပ်ငန်း ၁၆ ခု၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကိုပိတ်သိမ်းခဲ့ကြောင်းသိရသည်။

ယခုနှစ်ဘုရားဖူးရာသီအတွင်း အပူဒဏ်ကြောင့် လူ ၁,၃၀၀ ကျော်‌ေ-သဆုံးခဲ့‌သည့်အနက် ၅၃၀ ဦးသည် အီဂျစ်နိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့အနက် ၃၁ ဦးမှာ နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြကြောင်း စုံစမ်းမှုအရသိရှိရသည်။

‌ေ-သဆုံးသူများ၏ ဘုရားဖူးခရီးအတွက်စီစဉ်ပေးသည့် ခရီးသွားကုမ္ပဏီများသည် ဧည့်သည်များအား ဆေးဝါးကုသခြင်းအပါအဝင် အခြားမည်သည့်ဝန်ဆောင်မှုကိုမှ ထည့်သွင်းဆောင်ရွက်ပေးထားခြင်းမျိုးမရှိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရားစွဲခံရသည့် ခရီးသွားအေဂျင်စီများသည် ဘုရားဖူးဧည့်သည်များကို ကုန်ကျစရိတ်သက်သက်သာသာဖြင့်သွားနိုင်ရန် ဆော်ဒီသို့ ဟာ့ဂ်ျဘုရားဖူးဗီဇာနှင့်မပို့ဘဲ သာမန်အလည်ဗီဇာဖြင့်ပို့ပေးခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုများမပါဝင်ခြင်းကြောင့်လည်းဝေဖန်ခံနေရသည်။

ဆော်ဒီအာဏာပိုင်များကစီစဉ်ပေးသည့် ဘုရားဖူးခရီးစဉ်ဆေးဝါးဝန်ဆောင်မှုများသည် အလည်ဗီဇာဖြင့် ဝင်လာသူများအတွက်ပါဝင်ခြင်းမရှိသလို ‌ေ-သဆုံးသွားသည့်ဘုရားဖူးများသည် ဆော်ဒီအာဏာပိုင်များ၏ ဖမ်းဆီးခံရခြင်းနှင့်နေရပ်ပြန်ပို့ခံရခြင်းများမှရှောင်ရှားနိုင်ရန် မက္ကာသို့ သဲကန္တာရကိုဖြတ်ပြီးလမ်းလျှောက်သွားခဲ့ရသည်ဟုလည်းကြေညာချက်တွင်ဖော်ပြထားသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here