တောင်တရုတ်ပင်လယ်အရေး ဖိလစ်ပိုင်က တရုတ်နဲ့ ဆွေးနွေးလိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြော

0
382

တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေကို အဖြေရှာရေးအတွက် ဆွေးနွေးပွဲစားပွဲသို့တရုတ်နိုင်ငံ ပြန်လာရေး ဖိလစ်ပိုင်က ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Enrique Manalo က အင်္ဂါနေ့(ဇွန် ၂၅) မှာ ပြောဆိုပါတယ်။

ဇူလိုင်လမှာ Bilateral Consultation Mechanism အစည်းအဝေးတစ်ခုအတွက် ပြင်ဆင်မှုအဖြစ် နှစ်နိုင်ငံ အလုပ်အဖွဲ့အစည်းအဝေးတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြုလုပ်ခဲ့တယ်လို့ Manalo က အင်္ဂါနေ့မှာ အထက်လွှတ်တော် စုံစမ်းရေးကော်မရှင်တစ်ခုသို့ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့ပိုင်ဆိုင်ကြောင်း သတ်မှတ်တဲ့ အစိတ်အပိုင်းကို အနောက်ဖိလစ်ပိုင်ပင်လယ်လို့ အမည်တပ် အသုံးပြုလေ့ရှိပါတယ်။

တရုတ်နိုင်ငံဟာ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေက ၎င်းတို့ပိုင်အဖြစ် အပြိုင်သတ်မှတ်သော သီးသန့်စီးပွားရေးဇုန်တွေပါဝင်တဲ့ မျဉ်းလိုင်း ၉ ခုခေါ် နယ်နိမိတ်သတ်မှတ်ချက်အရ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်အဖြစ် ပြောဆိုထားပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here