ကျောက်မဲမြို့အနီး တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင် (၃၀၀) နီးပါး ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံရန်ရောက်ရှိ

0
255

ယမန်နေ့ ဇွန်(၂၅)ရက်၊ နံနက်အစောပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့အနီး တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၃၀၀)နီးပါးမှာ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွင့်လှစ်ထားရှိသည့် ခိုလှုံရာစခန်းများတွင် ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးစိုင်းကူးက ပေါ်ပြူလာနယူးစ်သို့ အတည်ပြုပြောသည်။

ဒေသခံများ စစ်ရှောင်နေသည့် စခန်းများမှာ နောင်ပိန်လေး၊ ခိုအုန်၊ နားပြိန်း၊ စခန်းသာနှင့် ဟိုပိန်း စစ်ရှောင်စခန်းများတွင်ခိုလှုံနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ နံနက်အစောပိုင်းမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ယခု ည(၇)နာရီအချိန်အထိ ဒေသခံပြည်သူ (၄)ဦး‌ အသက်ဆုံးရှူံးခဲ့ရပြီး၊ (၆)ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေပြီး၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သော TNLA မှာ ကျောက်မဲမြို့ပတ်လည်တွင် ‌နေရာယူထားကြသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်စိတ်မြင့်တက်နေကြောင်း သိရသည်။

“TNLA က ကျောက်မဲမြို့အထဲတော့ မဟုတ်ဘူး။ မြို့ပြင်နေရာတွေမှာ နေရာယူထားတယ်လို့ သိရတယ်။ တိုက်ပွဲက ပြန်ငြိမ်နေတယ်။ ဘယ်အချိန်ဖြစ်လာမှန်းမသိတော့ စိုးရိမ်နေကြတာပေါ့ “ဟု ဦးစိုင်းကူးက ရှင်းပြသည်။

ထို့ပြင် ကျောက်မဲ ဒေသခံပြည်သူများမြို့အတွင်း ပိတ်မိနေသူများရှိသလို အနီးပတ်ဝန်းကျင် ကျေးရွာများအတွင်းပိတ်မိနေသူများလည်းရှိကာ နောက်ထပ်‌ေ-သဆုံးသူနှစ်ဦးရှိကြောင်း သတင်းရရှိထားသော်လည်း အလေ-ာင်းကောက်ယူရန်အခက်အခဲရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here