ဇူလိုင် ၁ ရက်မှစ၍ ဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်

0
355

လာမည့်ဇူလိုင်လ (၁) ရက်မှစတင်၍ ဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သက်သာသောဈေးနှုန်းဖြင့် ပေါ်ဆန်းဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်း အရောက်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်အမျိုးအစားများနှင့် အိမ်အရောက် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင် (၂၄)ပြည် တစ်အိတ် ကျပ် ၁၅ ၂,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၀,၀၀ဝ ၊ ဧရာဝတီပေါ်ဆန်း (၁၀) ကီလို (၅) ပြည်တစ်အိတ် ကျပ် ၂၆, ၅၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ငွေပေးချေမှုကိုလည်း KBZ Pay သို့မဟုတ် အခြားနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထို့ပြင် မှာကြားသည့် နေ့ရက်/ငွေပေးသွင်းပြီးသည့်အချိန်ကာလမှစတင်၍ အများဆုံး (၃)ရက်အတွင်း အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို လိပ်စာပါအတိုင်း အိမ်အရောက်ပို့ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိဘပြည်သူများမှ အိမ်အရောက်ပို့စနစ်ဖြင့် ပေါ်ဆန်းမွှေးဆန်များ ဝယ်ယူလိုပါက Viber ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀ဝ၀၆၇၂၅ ၀၊ ၀၉-၄၀၀၀၆၇၂၆၀ နှင့် အီးမေးလ် [email protected] သို့ ဆက်သွယ်မှာယူနိုင်ကြောင်း ဖော်ပြထားသည်။

အလားတူ အခြားဆန်အမျိုးအစားများနှင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးကိုလည်း အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး တိုးချဲ့ဆောင်ရွက်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတ်မှတ်ဈေးနှုန်းများသည် ရည်ညွှန်းဈေးများနှင့်အညီ သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ပြီး ထပ်မံလျှော့ချနိုင်ရေးဆောင်ရွက်နေပြီး ယခုအစီအစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အမှန်လိုအပ်မှုအတွက်သာ မှာယူကြရန်လည်း မေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here