မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်မှုလုပ်ငန်း ရန်ကုန် – ကော့သောင်း – ရနောင်း ကွန်တိန်နာစနစ် စတင်မည်

0
366

ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန် – ကော့သောင်း – ရနောင်း ကွန်တိန်နာစနစ်စတင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို ယခုဇွန်လတွင် စတင်တော့မည်ဖြစ်ပြီး GOLD SHIPPING AGENCY SERVICES LIMITED မှ သင်္ဘောဖြစ်သည့် MV. Beypore Sultan သည် မြန်မာ့ပို့ကုန် ပြောင်းဆံများ သယ်ဆောင်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ ဇွန်လ (၂၈) ရက်တွင် ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် အပြန်တွင် ရနောင်းဆိပ်ကမ်းမှ သွင်းကုန်ပစ္စည်းများ သယ်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းနှင့် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ ၁/၂၀၂၄ ပါ စံပြုလုပ်ငန်းစဉ်များကို လေ့လာနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here