ကျောက်မဲမြို့အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးမြို့တွင်းသို့ လက်နက်ကြီးကျည် လေးနေရာအထိ ထပ်မံကျရောက်

0
144

ယနေ့ ဇွန် (၂၆)ရက်၊ နံနက် (၉)နာရီ ဝန်းကျင်အချိန်တွင်ကျောက်မဲမြို့အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ မြို့တွင်းသို့ လက်နက်ကြီးကျည် လေးနေရာကျရောက်ပေါက်ကွဲပြီး ထိခိုက်‌ေ-သဆုံးမှုမရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် TNLA က ကျောက်မဲမြို့တွင်းရှိ ရဲစခန်းအပါအဝင် ဆေးရုံ၊ မြို့နယ်ထွေအုပ်ရုံးနှင့် လဝက ရုံးတို့တွင် အထိုင်ချနေရာယူထားကြောင်း သိရသည်။

“မနက်အစောပိုင်း တိုက်ပွဲသံမကြားချိန် လိုအပ်တာတွေဝယ်ကြတာပေါ့။ မနက် (၉)နာရီလောက်ရှိတဲ့အချိန် ပစ်ခတ်သံတွေကြားတော့ အားလုံးအိမ်ထဲမှာပဲနေ နေကြတယ်။ မြို့ကတော့ သွားလာမှုမရှိတော့ပဲ ခြောက်ကပ်နေတာပေါ့။ပစ်သံခတ်သံတွေကတော့ ကြားနေရတယ်” ဟု ၎င်းက ပြောသည်။

TNLA အနေဖြင့် အစိုးရရုံးနေရာအား ဝင်ရောက်အထိုင်ချထားခြင်းသည် မြို့သိမ်းထားသည့် အခြေအနေမဟုတ်ပဲ တပ်မတော်ဘက်မှ ပြန်လည် တိုက်ခိုက်လာပါက လူသားဒိုင်း ကာထားသည့် အခြေအနေမျိုးထင်မှတ်ရသည်ဟု မြို့ခံများက သုံးသပ်သည်။

” မြို့ပေါ်မှာက TNLA  က‌ေ-သနတ်တွေ ကိုင်ပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ သွားလာနေတာတွေ့တယ်။ ဒေသခံတွေကိုလည်း ဘာမှ ပြောတာဆိုတာမျိုးမရှိဘူး။ ဒီပုံစံကိုကြည့်ရင် တပ်ဘက်က ပြန်တိုက်ခိုက်လာရင် ဒီကောင်တွေမြို့ခံလူထုကို လူသားဒိုင်းကာထားတဲ့ အခြေအနေမျိုးလို့ထင်တယ်။ မြို့ထဲကနေလည်း ပေးမထွက်ဘူးဆိုတော့ စဉ်းစားရပြီလေ” ဟု သူ၏အမြင်ကို သုံးသပ်ပြောကြားသည်။

လက်ရှိ ကျောက်မဲမြို့၏ အခြေအနေသည် လူသူသွားလာမှုကင်းမဲ့နေပြီး၊ မြို့တွင်းနှစ်ဖက်ထိပ်တိုက် ထိတွေ့ပစ်ခတ်မှုများရှိလာမည်ကို စိုးရိမ်နေကြသလို၊ မြို့တွင်းလူနေအိမ်များပေါ်သို့ လက်နက်ကြီးကျည်ကျရောက်လာမည်ကိုလည်း ကျီလန့်စာစား ထိတ်လန့်နေကြရကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here