Mobile Fuel Lab ယာဉ်ဖြင့် ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး

0
178

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများအား အများပြည်သူဝယ်ယူဖြည့်တင်းရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ Mobile Fuel Lab ယာဉ်အသုံးပြု၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မန္တလေးတွင် သတ်မှတ်စျေးနှုန်းထက် ကျော်လွန်ကာ ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးအရေးယူနေကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှသတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ယင်းသို့ စစ်ဆေးရာတွင် မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၄)ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ် ဆေးခဲ့ကာ စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီမှုရှိခြင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့စစ်ဆေးခြင်းကို လစဉ် တစ်လလျှင် နှစ်ကြိမ် ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here