Thursday, February 20, 2025

မယ်ဟောင်ဆောင်တွင်အစ္စရေးများအခြေမချပါ–ပေတုံတန်

မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင်...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့်...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက်...

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...
HomeNewsLocal Newsထိုင်း-မြန်မာ နယ်စပ်ကိစ္စရပ်များတွင် နှစ်နိုင်ငံတပ်မတော်...

ထိုင်း-မြန်မာ နယ်စပ်ကိစ္စရပ်များတွင် နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်မည်

ယခုလ ဇွန် (၂၈)ရက်တွင် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပသည့် (၃၆) ကြိမ်မြောက် မြန်မာ -ထိုင်း နှစ်နိုင်ငံဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးအပြီးတွင် ထိုင်းကိုယ်စားလှယ်အဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ဇွန်(၂၉)ရက် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံပြီး ဆွေးနွေးခဲ့သည့်အချက်များအပေါ် ပြန်လည်ရှင်းပြခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen. Prasan Saengsirirak က နှစ်နိုင်ငံဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အလားတူ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မယ်ဟောင်ဆောင်တွင်အစ္စရေးများအခြေမချပါ–ပေတုံတန်

မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံသားအချို့သည် ဘုရားပေးသောမြေ နေရာအသစ် အဖြစ် သဘောထားကာ ခရိုင်တွင် လူဦးရေ ၃၀,၀၀၀ ကျော် အခြေချနေထိုင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့ချိန်တွင် “ခဏနေပါဦး၊ ဒါမမှန်ဘူးဆိုတာ ကျွန်မတို့ စိစစ်ထားပြိးသားပါ” ဟု ပေတုံတန်က ပြောကြားခဲ့သည်။ “နောက်သီတင်းပတ်မှာ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂ဝ၂၅)ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကကြား နီးနီးစပ်စပ်ပူးပေါင်းပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုတိုးတက်လာစေမည်ဖြစ်၍ မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေသူများ၏ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ " အဓိကခံယူထားရမှာက အားလုံးဟာ နိုင်ငံ့အ ကျိုးအတွက်လုပ်ဆောင်နေကြတာဆိုတဲ့အသိနဲ့ လုပ်ငန်းတွေသွက်လက်မြန်ဆန်အောင် အ ကောင်အထည်ဖော်ပေးကြဖို့ပါ။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေကို အားပေးကူညီမြှင့်တင်ပေးရပါမယ်"ဟု နစက...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း အရေးကြီးသည့်သွင်းအားစုများဖြစ်သည်ဟု ပြောသည်။ "...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071