မန္တလေးနှင့် တာချီလိတ်တွင် အွန်လိုင်းလောင်းကစားလုပ်သူ မြန်မာ (၁၂)ဦးနှင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ် (၂၉၅)ဦးဖမ်းမိ

0
170

မန္တလေးတွင် အွန်လိုင်းလောင်းကစား လုပ်နေသည့် နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရာမှ အိမ်ရှင်အပါအဝင် (၁၂)ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကာ တာချီလိတ်တွင်လည်း ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၉၅) ဦးအား ဖမ်းမိကြောင်း ယမန်နေ့ ဇူလိုင် (၁)ရက်တွင် နစကက သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် အာဏာပိုင်များက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ (၆၁) လမ်းနှင့် (၆၂) လမ်းကြား၊ (၁၁၇) လမ်းတွင် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် နေအိမ်အား ဇွန်လ(၂၇)ရက်က ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖမ်းဆီးရာတွင် ရန်ဝင်းမြင့်(ခ) ကျန်ဝမ်ရီ နှင့် အိမ်ရှင် အပါအဝင် စုစုပေါင်း (၁၂)ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ကြော င်း သိရသည်။

ထို့ပြင် သက်သေခံပစ္စည်းများဖြစ်သည့် ကွန်ပျူတာ လက်တောပ့် (၆)လုံး၊ လက်ကိုင်ဖုန်း (၆၃)လုံး နှင့် ငွေကျပ် သိန်း (၁၁၀) နှင့် အခြား ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း နစကသတင်းထုတ်ပြန်ရေးအရ သိရသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်းရှိ နေအိမ်တွင် ကျားဖျန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၂၉၅)ဦးကိုလည်း ဇွန်လ(၂၈)ရက် နံနက်ပိုင်းက အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here