၂ဝ၁၇ အတွက် အဆိုတော် ဂေဂေး ရဲ့ Plan

0
315

gay

နင်သာရှိရင် စီးရီးခွေထွက်ရှိပြီးတဲ့နောက် ပိုမိုကောင်းမွန်တဲ့အနုပညာဖန်တီးမှုတွေနဲ့အတူ ဒုတိယတစ်ကိုယ်တော်စီးရီးခွေကို ဂေဂေးက၂ဝ၁၇နှစ်စပိုင်းမှာ ပရိသတ်နဲ့ မိတ်ဆက်ဖို့ ကြံရွယ်နေပါပြီ။ သူမရဲ့အိုင်ဒီယာက ….

” ဂေဂေး အခု၂ဝ၁၇ ခုနှစ်၊ ၁လပိုင်းမှာ ဂေဂေးရဲ့ဒုတိယအခွေ အယ်လ်ဘမ်လေးကိုထွက်ဖို့ကြိုးစားနေတယ်။ သီချင်းတွေက အခုတော့ လုပ်နေတုန်းပဲ။ တစ်လပိုင်းကတော့ ဂေဂေးရည်ရွယ် ထားတာ ပေါ့နော်။ အကယ် ၍ တစ်လပိုင်းမဟုတ်ရင်လည်း နှစ်လပိုင်းတော့ရအောင်ထွက်ဖြစ်မှာပါ။ ဂေဂေးစိတ် ကြိုက်သီချင်းလေး တွေကို အကောင်းဆုံးကြိုးစားဖန်တီးထားတဲ့ အယ်လ်ဘမ်လေးပါ။အခုဆိုရင် ၇ဝရာခိုင်နှုန်းလောက်တော့ ပြီးသွားပါပြီ” လို့ ဂေဂေး ကပြောပါတယ်။ လတ်တလောမှာတော့ ဂေဂေးက သူငယ်ချင်းတွေရဲ့အခွေမှာ ဖီးချားရင်းပါဝင်သီဆိုထားသလို ခရီးတွေလည်းထွက်နေရပါတယ်။ ဂေဂေးအခုတော့ နည်းနည်းဝလာတယ်နော်လို့ဆိုပြန်တော့ ..

” အခွေထုတ်ခါနီးတုန်းကတော့ ပိန်သွားတယ်။ အခွေအတွက်အား စိုက်ရတာရယ်၊ စိတ်ဖိစီးမှုတွေ များလို့ တအားပိန်သွားတယ်။ အခုတော့စိတ် ချမ်းသာသွားလို့လားမသိဘူး။ နည်းနည်းပြန် ဝလာတယ် (ရယ်လျက်)။အဲဒီတော့ အခု နောက်ပိုင်းအစား ပြန်လျှော့တာတို့၊ လေ့ကျင့် ခန်းတွေ ပြန်လုပ်ရတာတို့နဲ့ ပြန်ထိန်းနေရပါတယ်” လို့ ဂေဂေးကပြောပါတယ်။ ရှိုးတွေ ဆိုတဲ့အခါ ပရိသတ်ရဲ့ Feed Back က ဘယ်လိုရှိလဲလို့မေးတော့…

” ပရိသတ်တွေအများဆုံး တောင်းဖြစ်တာကတော့ မောင့်နောက်လိုက်ခဲ့မယ်သီချင်းပါ။ မဖြစ်မနေဆိုရတဲ့သီချင်းလေးပေါ့နော်။ မောင့်နောက် လိုက်ခဲ့မယ်သီချင်းလေးလိုမျိုးပဲ ပရိသတ် တွေရင်ထဲကိုရောက်မယ့် သီချင်းလေးတွေကို ဂေဂေး ဒီဒုတိယစီးရီးခွေထဲမှာ ကြိုးစားပြီးထည့်ထားပါတယ်” လို့ ဂေဂေးက ပြောပါတယ်။ ပထမ အခွေကို အမ်တီဗီမထွက်ဘူးဆိုပေမယ့် မောင့်နောက်လိုက်ခဲ့မယ် အတွက်တစ်ခုခုလုပ်သင့်တယ် မထင်ဘူးလားလို့ဆိုတော့ ” ဒီဒုတိယအခွေလေး မထွက်ခင်တော့ ဂေဂေး မောင့်နောက်လိုက်ခဲ့မယ် သီချင်းလေးကို အမ်တီဗီလေးပဲဖြစ်ဖြစ်၊ ပရိုမိုလေးပဲဖြစ်ဖြစ် You Tube မှာတင်ဖို့ရှိပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here