Friday, November 22, 2024

အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ (၆)...

ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ စာပေပညာရှင် (၆) ဦးကို နိုဝင်ဘာ...

လာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး ထပ်မံသေဆုံး

လာအိုနိုင်ငံ Vang Vieng မြို့တွင် အဆိပ်သင့်သော အရက်ကို သောက်သုံးမိရာမှ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မိဘတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု...

အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်တို့ကို အိုင်စီစီ...

နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယွတ်ဗ် ဂဲလန့်နှင့် ဟားမတ်စ်တပ်မှူး မိုဟာမက် ဒီယက်အီဘရာဟင်...

သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း (၅၀)...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် သန်း (၅၀)ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ပြီးခဲ့သည့်တစ်ပါတ်တွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်...
HomeMoviesဘန်ကောက် BIMSTECS ထိပ်သီးအစည်းအဝေးကို...

ဘန်ကောက် BIMSTECS ထိပ်သီးအစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ်၊ မြန်မာနဲ့ ဒေသတွင်းနိုင်ငံ့ခေါင်းဆောင်များတက်ရောက်ဖို့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စက်တင်ဘာလဆန်းပိုင်းအတွင်း ပြုလုပ်မယ့် BIMSTECS ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ တက်ရောက်မှာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောဆိုကြောင်း Thai PBS World သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTECS ရဲ့ ၅ ကြိမ်မြောက် အစည်းအဝေးကို မိုဒီတက်ရောက်လိမ့်မယ်လို့ အမည်မဖော်လိုတဲ့ ယင်း သံတမန်သတင်ရင်းမြစ်က ပြောဆိုတယ်လို့ သိရပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် BIMSTECS ရဲ့ အရေးကြီးမှုကို ဖော်ညွှန်းတဲ့ အချက်ဖြစ်တယ်လို့ ယင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဆိုင်းငံ့ထားခဲ့ရတဲ့ ယင်းအစည်းအဝေးသို့ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတို့မှ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်တယ်လို့ ယင်း သတင်းရင်းမြစ်ရဲ့ အပြောအရ သိရပါတယ်။

လက်ရှိဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ သာယာဝပြောမှု၊ ခံနိုင်ရည်ရှိမှု၊ ပွင့်လင်းမှုတို့ကို ကိုယ်စားပြုတဲ့ PRO BIMSTEC ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ကျင့်သုံးကြောင်း သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေးတိုးတက်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ဥက္ကဋ္ဌနိုင်ငံက မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာလည်း BIMSTECS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှာ နယူးဒေလီမှာ လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Thai PBS World

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ (၆) ဦး ကို ထုတ်ပြန်

ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ စာပေပညာရှင် (၆) ဦးကို နိုဝင်ဘာ (၂၁) ရက်က ထုတ်ပြန်ထားသည်။ အမျိုးသားစာပေ တစ်သက်တာဆုရရှိသူများသည် ဒေါက်တာ မင်းတင်မွန် (ပါရဂူမင်းနန္ဒာ) ၊ ဆရာကြီး ဒေါက်တာ တိုးလှ၊ ဆရာကြီး ဦးညွန့်ဆွေ( မောင်ဆွေသက်)၊ ဆရာကြီး ဒေါက်တာ ကျော်ဝင်း (သမိုင်း)၊ ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ ထားဝယ်) နှင့် ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ...

လာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး ထပ်မံသေဆုံး

လာအိုနိုင်ငံ Vang Vieng မြို့တွင် အဆိပ်သင့်သော အရက်ကို သောက်သုံးမိရာမှ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မိဘတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု သြစတြေးလျ ဝန်ကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့တွင်ပင် အရက်အဆိပ်သင့်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သဖြင့် သေဆုံးသူ လေးဦးအထိ ရှိလာခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဘီယန်ကာ ဂျုံးစ်သည် လာအိုမြို့တော် ဗီယန်ကျင်းမှ ကားလမ်းခရီးဖြင့် နှစ်နာရီခန့်သွားရသည့် နာမည်ကျော် ခရီးသွားမြို့ Vang Vieng တွင်...

အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်တို့ကို အိုင်စီစီ ဖမ်းဝရမ်းထုတ်

နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယွတ်ဗ် ဂဲလန့်နှင့် ဟားမတ်စ်တပ်မှူး မိုဟာမက် ဒီယက်အီဘရာဟင် အယ်လ်မာစီ အက္ကာ မိုဟာမက် ဒီယက်ဖ်တို့ကို ဖမ်းဝရမ်းထုတ်လိုက်သည်။ အိုင်စီစီ၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် နေတန်ယာဟုနှင့် ဂဲလန့်တို့ကို အစာရေစာဖြတ်တောက်မှုကို စစ်ပွဲနည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းနှင့် လူသားမျိုးနွယ်ကို သ-တ်ဖြ-တ်သော ရာဇဝတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အခြားလူမဆန်သော လုပ်ရပ်များလုပ်ဆောင်ခဲ့ခြင်းအတွက်ဟု အိုင်စီစီက ဆိုခဲ့သည်။ အိုင်စီစီ ဝရမ်းကြောင့် နေတန်ယာဟုနှင့် ဂဲလန့်တို့ ပြည်ပခရီးများတွင် ဖမ်းဆီးခံရနိုင်သည့် အန္တရယ်ရှိသည်ဆိုသော်ငြားလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071