ဆန်စပါးသိုလှောင်ရုံများ ဇူလိုင်(၇) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ဆောင်ရွက်ရန် MRF အသိပေး

0
403

ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းကို ဇူလိုင်(၇) ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကြေညာထားသည်။

ဆန်တန်ချိန် (၅၀) သို့မဟုတ် စပါးတင်း (၅၀၀၀) နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင်များအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းကို ဇူလိုင်လ (၇) ရက်နေ့ နောက်ဆုံးထား၍ အလေးအနက်ပြု ဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထပ်မံအသိပေးထားသည်။

ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင်များအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRO) www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးထားပြီး ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင်ရန် အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ သိုလှောင်ထားရှိမှု အခြေအနေများကို ကြိုတင်စာရင်းပေးပို့ထားရှိရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မှတ်ပုံတင်ပြီးသော သိုလှောင်ရုံပိုင်ရှင်များ အနေဖြင့်လည်း ကုန်ရ/ထုတ်ကုန်/ကုန်လက်ကျန် လချုပ် Update စာရင်းရေးသွင်းခြင်းကို လစဉ် လကုန်ပြီး (၇) ရက်အတွင်း နောက်ဆုံးထား၍ (မပျက်မကွက်) တိကျစွာ တင်ပြဆောင်ရွက်ပေးကြရန် ဖုန်း SMS ဖြင့် ပေးပို့အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ယင်းကြောင့် သတ်မှတ်ချက်များကိုဆောင်ရွက်ရန် ပျက်ကွက်သည်ဖြစ်စေ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် တင်ပြချက်များနှင့် ကိုက်ညီမှုမရှိလျှင်ဖြစ်စေ ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here