ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက် အခြေအနေ သည် အရောင်းထက် အငှားပိုင်းတွင် ပိုမိုများပြား လာပြီး အထူးသဖြင့် ရန်ကုန်မြို့လယ်ေ ကာင်မဟုတ်ဘဲ အပြင်ဘက်မြို့နယ်များတွင် ပိုမိုရှာဖွေလာကြကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းရန်အတွက် ရှာဖွေနိုင်သော အင်တာနက် အိမ်ခြံမြေကွန်ရက် ဖြစ် သည့် house.com.mm မှ onsite dataများအရ ရှာဖွေသူ များ၏ ၆၁ ရာခိုင်နှုန်းခန့်သည် ငှားရမ်းရန် ရှာဖွေသူများ ဖြစ်ပြီး ဝယ်ယူရန် ရှာဖွေသူများသည် ၃၉ ရာခိုင်နှုန်း ခန့်ရှိနေကြောင်းသိရ သည်။ ရှာဖွေမှု၏ ၈၉ ရာခိုင် နှုန်းခန့်သည် ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ စာရင်း များကို ရှာဖွေသူများဖြစ်ပြီး အချို့အလယ်အလတ် နှင့် လုပ်ငန်းငယ်များကြောင့် စမ်းချောင်း၊ တောင်ဥက္ကလာပနှင့် ရန်ကင်းစသော မြို့နယ်များရှိ တိုက်ခန်းများကို ရှာဖွေကြခြင်းဖြစ် သည်။ ရန်ကုန် မြို့တွင်းရှိ တောင်ဥက္ကလာပ ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ စမ်း ချောင်း၊ တာမွေ၊ မရမ်းကုန်း၊ သန်လျင်၊ ဗဟန်း၊ လှိုင်၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်း စသည်တို့သည် ထိပ်ဆုံး (၁ဝ) နေရာတွင် ရပ်တည်နေသော မြို့နယ် များဖြစ်ပြီး ဝင်ရောက်ကြည့်ရှုရှာဖွေသူ အများ ဆုံးသော မြို့နယ်များအဖြစ် တောင်ဥက္ကလာပ၊ မြောက်ဒဂုံနှင့် စမ်းချောင်းမြို့နယ် တို့ ဖြစ်ကြသည်။ အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူ Mr. Nitesh Khirwal က ..
“ဖြစ်နိုင်ခြေကတော့ Down-town ရှိ အိမ်ရာ တိုက်ခန်းတွေဟာ များသောအားဖြင့် စီးပွားရေး လုပ်ငန်းသုံးတွေ ဖြစ်တာကြောင့် ဈေးနှုန်းမြင့် မားနေပြီးTraffic တွေကြောင့် နေထိုင်ဖို့သီးသန့် အိမ်ရာ ရှာဖွေသူတွေဟာ Downtown ဧရိယာအပြင် ဘက်မြို့နယ်တွေ မှာ ပိုမိုရှာဖွေလာကြခြင်း ဖြစ်နိုင်ပါ တယ်” ဟု ပြောသည်။
ရန်ကုန်မြို့ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် တစ်လလျှင် ဝင်ငွေ ၂ သိန်းနှင့် ၂ သိန်းအောက်သာ ရရှိသူများဖြစ်နေသောကြောင့် ကာလ တန်ဖိုးနည်း အိမ်ရာ လိုအပ်ချက်များ ဆက်လက် ဖြစ်ပေါ်နေ ဦးမည်ဖြစ်ကြောင်း အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင် သူများက ပြောသည်။ မြန်မာနိုင်ငံသည် အာရှဒေ သတွင်းက မြို့ပြတိုးတက်မှုရှိသော စာရင်းဝင် နိုင်ငံတစ်ခုဖြစ်နေပြီး မြို့ပြတိုးတက်မှုနှုန်းထားသည် ၃ဝ ရာခိုင်နှုန်းခန့်ရှိနေသည်။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ခံခဲ့သော ရလဒ်များ၏ ကိန်းဂဏန်း ဖော်ပြချက်အခြေအနေများအရ အနာဂတ်ကာလများမှာ အိမ်ရာအခန်းပေါင်း ၁ သန်းခွဲခန့်မှ ၂ သန်း ခန့်အထိ လိုအပ်မည်ဖြစ်ပြီး ၂ဝ၃ဝ ခုနှစ်တွင် အိမ်ရာပေါင်း ၂ သန်း ခန့်အထိ လိုအပ်နိုင်ကြောင်း သိရသည်။
HEZ