တောင်ကိုရီးယားဆရာဝန်များဆန္ဒပြမှုရပ်ရန် လူနာများက ဆရာဝန်များကိုဆန္ဒပြ

0
344

ဆိုးလ်၊ဇူလိုင် ၄

တောင်ကိုရီးယား၌ ဆရာဝန်များကို ဆန္ဒပြခြင်းမှ ရပ်တန့်ရန် လူနာများနှင့်လူနာရှင်များက စုဝေးတောင်းဆိုခဲ့ပြီး ဆရာဝန်များက စုပေါင်းဆန္ဒထုတ်ဖော်မှုကို တားမြစ်ရန်လည်း အမျိုးသားလွှတ်တော်အား တောင်းဆိုခဲ့ကြောင်းသိရသည်။

ယခုစုဝေးဆန္ဒထုတ်ဖော်မှုတွင် ရင်သားကင်ဆာသမဂ္ဂမှလူနာများ၊ကိုရီးယားလူနာများမဟာမိတ်အဖွဲ့နှင့် ရှားပါးရောဂါဝေဒနာရှင်များအဖွဲ့အစရှိသည့် အဖွဲ့များပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းလည်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ကြသည့်ပြည်သုများသည် လူနာရှင်များ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်လူနာများဖြစ်ကြသည့်အလျောက် ကျန်းမာရေးပြဿနာများနှင့်ရင်ဆိုင်နေရသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ကြသည်မှာ ရှားပါးသည့်ဖြစ်စဉ်လည်းဖြစ်သည်။

“ဆရာဝန်တွေရဲ့သပိတ်ကြောင့် လူနာတွေ ထိခိုက်နစ်နာမှုနဲ့ စိုးရိမ်နေရတဲ့စိတ်တွေ မရှိဖို့အတွက် ဒီနေ့ဒီနေရာမှာ ရောက်နေရခြင်းဖြစ်ပါတယ်” ဟု ကိုရီးယား ရင်သားကင်ဆာလူနာများသမဂ္ဂဥက္ကဋ္ဌ Kwak Jeom-sun ကပြောကြားခဲ့သည်။

“လူနာတွေက သူတို့ဝေဒနာတွေကို ပြုစုကုသပေးမဲ့ ပတ်ဝန်းကျင်လေးတစ်ခုကိုပဲလိုချင်တာပါ၊ဝေဒနာကတမျိုး၊ ကုပေးမဲ့လူမရှိလို့ ပူပန်နေရတာကတမျိုးနဲ့ဘဝမျိုးမဖြစ်စေချင်ပါဘူး” ဟုလည်းပြောကြားခဲ့သည်။

Source : ကိုရီးယားတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here