ကွာလာလမ်ပူလေဆိပ်၌ ဓါတ်ငွေ့ယိုစိမ့်၊ ၃၉ ဦးနေမကောင်းဖြစ်

0
164

ကွာလာလမ်ပူ၊ဇူလိုင် ၄

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ရှိ အင်ဂျင်နီယာဌာနမှ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူပေါင်း ၃၉ ဦး နေထိုင်မကောင်း ဖြစ်ခဲ့ကြောင်း အရေးပေါ် ဌာန အရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယင်းသို့ဖြစ်ခဲ့သူ ၃၉ ဦးသည် မူးဝေခြင်းနှင့်ပျို့အန်ခြင်းများကို ခံစားခဲ့ရသည်ဟုလည်း ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့၏ အရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယင်းသို့ခံစားခံရသူများအနက် ၂၄ ဦးသည် ဆေးရုံကဆင်းနိုင်ပြီး ၁၄ ဦးမှာမူ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးဌာနတွင်ရှိနေပြီး ကျန်တစ်ဦးမှာမူ ဆေးရုံတင်ထားရဆဲဟု သိရသည်။

ယခုဖြစ်စဉ်ကြောင့် နိုင်ငံ၏အဓိကလေဆိပ်အတွင်း လေကြောင်းသွားလာရေးကိုအနှောင့်အယှက်မဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ယိုစိမ့်မှုကို အချိန်မီ ဖာထေး နိုင်ရန်လည်း အရေးပေါ်ကာကွယ်ရေးအဖွဲ့များက ဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here