ပွန်ဆီရီကို အလဲထိုးခဲ့သည့် စိုးလင်းဦး အပိုဆုကြေး ဘတ် (၃)သိန်းခွဲအပြင် ONE Championship နှင့် ဒေါ်လာ(၁) သိန်းတန် စာချုပ်ချုပ်ခွင့်ရရှိ

0
168

မွေထိုင်းဖိုက်တာ ပွန်ဆီရီကို အလဲထိုးခဲ့သည့် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦးသည် ONE ကချီးမြှင့်သည့် အပိုဆုကြေးဘတ် (၃)သိန်းခွဲအပြင် ONE Championship နှင့် ဒေါ်လာ(၁)သိန်းတန် စာချုပ် ချုပ်ဆိုခွင့်ရရှိခဲ့ကြောင်း သိရသည်။

ONE ၏ စာချုပ် ချုပ်ဆိုခေါ်ယူမှုအား ပွဲစဥ်အပြီး ကြိုးဝိုင်းအတွင်း စိုးလင်းဦးအား အပိုဆုကြေးဘတ် (၃) သိန်းခွဲချီးမြှင့်ခံရရုံသာမက ONE Championship တွင် ထိုးသ-တ်ခွင့်ရမည့် ဒေါ်လာ (၁) သိန်းတန်စာချုပ်လည်း ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

စိုးလင်းဦးသည် ယခုနောက်ပိုင်း ONE တွင် ထိုးသ-တ်‌နေသည့် ရိုးရာဖိုက်တာများအနက် ပထမဦးဆုံး ONE က ခေါ်ယူခံရသူတစ်ဦးဖြစ်ပြီး စိုးလင်းဦးထက် အရင်ထိုးသ-တ်ခဲ့သည့် မိုးထက်အောင် ၊ ထွန်းမင်းနိုင်၊ ထွန်းမင်းအောင်၊ သန့်စင်နှင့် သွေးသစ်ဝင်းလှိုင်တို့မှာ ထိုသို့သော အခွင့်အရေးမရရှိခဲ့ပေ။

ယမန်နေ့ ဇူလိုင် (၅)ရက် ည(၇)နာရီ အချိန်တွင်းထိုးသ-တ်ခဲ့သည့် ONE Friday Fights 69 ပွဲစဉ်တွင် စိုးလင်းဦးက ပြိုင်ဘက် မွေထိုင်းဖိုက်တာ ပွန်ဆီရိအား ဒုတိယအချီ မိနစ်ပိုင်းအတွင်းပင် ညာပင့်လက်သီးဖြင့် အလဲထိုးနိုင်ခဲ့ခြင်းဖြစ်သ ည်။

ရိုးရာဖိုက်တာစိုးလင်းဦးသည် ONE ကပြုလုပ်သည့် Friday Fight 69 ပွဲစဉ်ဖြင့် ဆိုလျှင် ရှုံးပွဲမရှိ (၃)ပွဲဆက်တိုက် အနိုင် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ONE ၏ ပထမ ပွဲဦးထွက်တွင် ဂျပန်ဖိုက်တာ မာဆာရူရှီကို အလဲထိုးဖြင့်အနိုင်ရရှိခဲ့သလို ဒုတိယအကြိမ် ပွဲစဉ်တွင်လည်း ပေါ်တူဂီဖိုက်တာ Fabio Reis နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာတွင်လည်း အနိုင်ရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here