နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးအတွက် နိုင်ငံတော်ကစီမံနေ

0
577

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းမျာရ၏ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်မှ တတ်နိုင်သလောက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ ဇူလိုင် (၅)ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားရာ၌ နိုင်ငံ့ဝန်ထမ်းများခန့်အပ်ရာတွင်လည်း လိုအပ်သည့်နေရာများတွင်သာ စိစစ်ခန့်အပ်စေလိုကာ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများ၏ စား၊ ဝတ်၊ နေရေးအတွက် နိုင်ငံတော်မှ တတ်နိုင်သလောက် စီမံဆောင်ရွက်ပေးရန် စီစဉ်လျက် ရှိနေသည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားသွန်ခွန်စိုက်ဖြင့် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သေးသည်။

ယမန်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄)အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here