ဒုတိယအကြိမ် ဥရုချောင်းရေမြင့်တက်မှု ပြန်လည်ကျဆင်း၊ ဖားကန့် အနိမ့်‌ပိုင်းရပ်ကွက်အချို့ ရေအနည်းငယ်နစ်မြှပ်

0
107

ယ‌မန်နေ့ ဇူလိုင်(၅)ရက် ညနေ(၄)နာရီ အချိန်တွင် ဖားကန့် မြို့၊ ဥတုချောင်းရေ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ အနိမ့်ပိုင်း နေအိမ်အချို့ ရေဝင်‌ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဥရုချောင်းရေမှာ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး၊ ယမန်နေ့ ညနေပိုင်းဥရုချောင်းရေ မြင့်တက်မှုကြောင့် လုံးခင်းကျေးရွာတွင်လည်း ရေအနည်းငယ် တက်ခဲ့ကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

” ဖားကန့်ငှက်ပျောတောဘက်ကတော့ ရေနည်းနည်းပြန်တက်တယ်။ ခါးလည်လောက်ရှိတယ်။ လုံးခင်းဘက်က ခြေကျင်းဝတ် သာသာလောက်ပဲ ရှိပါတယ်။ သိပ်မကြာပါဘူး။ ပြန်ကျသွားတယ်”ဟု ၎င်းက ရှင်းပြသည်။

ယခုလ ဇူလိုင်(၁)ရက် မွန်းလွဲပိုင်းအချိန်မှစတင်ကာ ဖားကန့်မြို့ ပေါ် ရပ်ကွက်များနှင့် ကံဆီး၊ လုံးခင်းကျေးရွာတို့တွင် ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူ (၃,၀၀ ၀) ကျော် ရေဘေးသင့်ခဲ့ရပြီး အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

နှစ်စဉ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် ဖားကန့်မြို့၊ ကံဆီးကျေးရွာအထက်ပိုင်းရှိ တောင်ကျရေစီးဆင်းမှုကြောင့် ဥရုချောင်းရေ စိုးရိမ်ရေမှတ်အထက်သို့ ရောက်လေ့ရှိကာ ပတ်ဝန်းကျင်ကျေးရွာနှင့် မြေနိမ့်ပိုင်းနေ လူနေအိမ်နှင့် ဆိုင်ခန်းများ ရေနစ်မြှပ်မှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here