ဟန်ဂေရီဝန်ကြီးချုပ်၏ ရုရှားခရီးစဉ်၌ ယူကရိန်းအရေးဆွေးနွေးခဲ့

0
217

မော်စကို၊ဇူလိုင် ၅

ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် ဗစ်တာအော်ဘန်၏ မော်စကိုခရီးစဉ်အတွင်းရုရှား သမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူတင်က ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးရရှိလိုပါက အညံ့ခံရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မစ္စတာအော်ဘန်၏ယခုခရီးစဉ်သည် ဥရောပသမဂ္ဂနှင့် ကိဗ်တို့ကိုလည်း ဒေါသ ထွက်စေခဲ့သည့်ခရီးစဉ်ဖြစ်လာခဲ့သည်။

ပူတင်သည် အော်ဘန်ကို ခရမ်လင်၌လက်ခံတွေ့ဆုံခဲ့ပြီး ယူကရိန်းအရေးနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကာ ပဋိပက္ခကို ဖြေရှင်းနိုင်မည့် လမ်းကြောင်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဥရောပသမဂ္ဂခေါင်းဆောင်များကမူ မစ္စတာအော်ဘန်၏ ခရီးစဉ်ကို စိတ်ဆိုးခဲ့သကဲ့သို့ ယခုခရီးစဉ်သည် ဥရောပသမဂ္ဂကိုကိုယ်စားပြုသည့်ခရီးစဉ်မဟုတ်ကြောင်းကိုလည်း အတိအလင်းပြောကြားခဲ့သည်။

သမ္မတပူတင်သည် ရုရှားသိမ်းပိုက်ထားသော နယ်မြေများရှိ ယူကရိန်းတပ်များကို ဆုတ်ခွာစေလိုကြောင်း ပြောခဲ့သော်လည်း ယူကရိန်းကမူ ဆုတ်ခွာရန်အစီအစဉ်မရှိသကဲ့သို့ အော်ဘန်၏ယခုခရီးစဉ်သည်လည်း ဟန်ဂေရီဘက်ကသာ တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမျိုးမရှိကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here