ဂါဇာဆိုင်ရာ ဆွေးနွေးပွဲများ ကိုင်ရိုတွင် လာမည့်သီတင်းပတ်အတွင်း ကျင်းပမည်

0
126

ဂါဇာကမ်းမြှောင်ဒေသတွင် အခြေချနေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို လာမည့်သီတင်းပတ်အတွင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ်၊ အမေရိကန်နှင့် အစ္စရေးတို့မှ ကိုယ်စားလှယ်များဖြင့် ကျင်းပမည်ဖြစ်ကြောင်း Al Qahera Al Ekhbariya ရုပ်သံက ဖော်ပြသည်။

“ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ မဖြေရှင်းနိုင်သော ပြဿနာများကို ဆွေးနွေးရန်အတွက် အစ္စရေးနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များကို အီဂျစ်က လက်ခံလိမ့်မည်” ဟု အီဂျစ်အစိုးရဌာနတစ်ခုမှ အဆင့်မြင့်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိရေးနှင့် ဓ-ားစာခံ လဲလှယ်ရေးဆိုင်ရာ သဘောတူညီချက်များ ရရှိရေးအတွက် အီဂျစ်နိုင်ငံ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟားမတ်စ် လှုပ်ရှားမှု ကိုယ်စားလှယ်များနှင့်လည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

ဂါဇာရှိ စစ်သွေးကြွအဖွဲ့နှင့် အစ္စရေးတို့ကြား သဘောတူညီချက်များရရှိရေး ကြိုးပမ်းမှုများ အရှိန်မြှင့်ရန် လာမည့်သီတင်းပတ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် အဆက်အသွယ် ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သတင်းရင်းမြစ်က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here