ကမ္ဘောဒီးယား၌ ကြက်ငှက်တုပ်ကွေးလူနာတွေ့နေ

0
99

ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း Takeo ပြည်နယ်မှ အသက် ၃ နှစ်အရွယ် က-လေ-းငယ်တစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီးနောက် ယခုနှစ်တွင် ခြောက်ဦးအထိ တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

Kiri Vong ခရိုင် Pou ရွာတွင် နေထိုင်သော လူနာမှာ အဖျား၊ ချောင်းဆိုး၊ ပင်ပန်းနွမ်းနယ်ပြီး အသက်ရှူရခက်ခဲသည့် လက္ခဏာများ ခံစားရပြီး အထူးကြပ်မတ်ကုသဆောင်မှ ဆရာဝန်အဖွဲ့ဖြင့်ကုသနေရာ လက်ရှိတွင်ပြန်လည်ကောင်းမွန်လာကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ဆက်လက်ပြောသည်။

“စုံစမ်းချက်အရ က-လေ-းမဖျားခင် ၁၀ ရက်လောက်မှာ ရွာက ကြက်နဲ့ ဘဲတွေ ‌ေ-သကုန်ပြီး ကြက်‌ေ-သတွေကို ထိမိ ကိုင်မိသလိုလူနာ၏ မိသားစုက ထိုကြက်‌ေ-သများကို ချက်ပြုတ်စားခဲ့ကြောင်း သိရသည်” ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များသည် ရောဂါပိုးကူးစက်ခြင်း၏ အရင်းအမြစ်ကို ရှာဖွေနေပြီးသံသယရှိသူနှင့် ထိတွေ့ဖူးသူတိုင်းကို စစ်ဆေးလျက်ရှိသည်။

ကြက်ငှက်တုပ်ကွေး မပြန့်ပွားအောင် ဟန့်တားသည့် Tamiflu (oseltamivir) ကို လူနာနှင့် ထိတွေ့ဖူးသူများအား တိုက်ကျွေးထားကြောင်း ဝန်ကြီးဌာနက ပြောသည်။

ယခုနှစ် ကြက်ငှက်တုပ်ကွေး H5N1 ကူးစက်ခံရသူ ခြောက်ဦးတွင် က-လေ-းငယ် ငါးဦး နှင့် အရွယ်ရောက်ပြီးသူ တစ်ဦးပါဝင်ကာ က-လေ-းတစ်ဦး ‌ေ-သဆုံးခဲ့သည်။ လူနာအားလုံးသည်ရောဂါရှိ ကြက်များနှင့် မကြာသေးမီက ထိတွေ့ဖူးသော ရာဇဝင်ရှိထားကြောင်း သိရသည်။

H5N1 တုပ်ကွေးသည် ဖျားနာသော ကြက်များကြားတွင် ပျံ့နှံ့လေ့ရှိသော တုပ်ကွေးဖြစ်သည်။ ၎င်း၏ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပါဝင်သည်။

Source:khmertimeskh


LEAVE A REPLY

Please enter your comment!
Please enter your name here