ယခုနှစ် မြန်မာနေရှယ်နယ်လိဂ်ပြိုင်ပွဲတွင် အဖွင့်ဂိုးနှင့်ဂိုးဖန်တီးရှင် ကစားသမား(၂)ဦး AYA Pay Man of the Match ဆု ချီးမြှင့်ခံရ

0
119

ဇူလိုင်(၆)ရက်တွင် စတင်ကျင်းပခဲ့သည့် Myanmar National League 2024/ 2025 ပြိုင်ပွဲတွင် အဖွင့်ဂိုးနှင့်ဂိုးဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သူ ကစားသမား (၂)ဦးမှာ AYA Pay Man of the Match ဆု ချီးမြှင့်ခြင်းခံခဲ့ရ‌သည်။

အဆိုပါ ကစားသမားနှစ်ဦးမှာ ရန်ကုန်ယူနိုက်တက်အသင်းမှ ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းနှင့် ဒဂုံစတားယူနိုက်တက် တိုက်စစ်မှူး အောင်ကျော်နိုင်တို့က ရရှိသွားခဲ့ခြင်းဖြစ်သည်။

၎င်း ကစားသမားနှစ်ဦးကို ဆုကြေးငွေ(၃၀၀,၀၀၀)ကျပ်စီနှင့် အထိမ်းအမှတ်ဆုတံဆိပ်ကို AYA Pay Marketing Director Mr. Ted Patrick နှင့် သစ္စာအားမာန်အသင်းဥက္ကဋ္ဌ ဦးမြတ်သူက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ ရန်ကုန်ယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဥ်ပြိုင်ကစားသည့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ရခိုင်ယူနိုက်တက်အသင်းကို အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်။

အလားတူ ဒဂုံစတားယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်လည်း ဒဂုံယူနိုက်တက်အသင်းက သုံးဂိုး၊တစ်ဂိုးဖြင့် သစ္စာအားမာန်အသင်းကိုအနိုင်ရရှိခဲ့သည်။

၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့် Week (1)ပွဲစဉ်များကို ဇူလိုင် (၆ )မှ (၈)ရက်နေ့အထိ သုံးရက်ကြာအသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here