ပီဇက်ရှ်ကီရန် အနိုင်ရခဲ့အပြီး အီရန်နိုင်ငံနဲ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ဖို့ရာ စိတ်အားထက်သန်နေဟု ဆော်ဒီ အိမ်ရှေ့စံ ဆို

0
184

အီရန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ မာဆွတ် ပီဇက်ရှ်ကီရန်အတွက် ဝမ်းမြောက်ကြောင်း ဆော်ဒီအာရေဗျ ဘုရင်နဲ့ အိမ်ရှေ့စံတို့က ဂုဏ်ပြုစကားဆိုခဲ့ကြတယ်လို့ နိုင်ငံပိုင် SPA သတင်းဋ္ဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မိမိတို့ရဲ့ နှစ်နိုင်ငံအကြားအပြန်အလှန်အကျိုးစီးပွားတွေ ၊ပြည်သူတွေအကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိတ်အားထက်သန်မှုကို မိမိအတည်ပြုပါကြောင်း အိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်လ်မန်က ပြောဆိုတယ်လို့ SPA က ဖော်ပြပါတယ်။

နှစ်များစွာ ဒေသတွင်း ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ ဆော်ဒီနဲ့ အီရန်တို့ဟာ ၂၀၂၃ ခုနှစ်မတ်လမှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ ဆက်ဆံရေးပြန်လည်ထူထောင်ရေး အထင်ကရ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယင်းအချိန်မှစကာ ဆက်ဆံရေးအားကောင်းစေဖို့အတွက် နှစ်နိုင်ငံ အရာရှိတွေအကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။

သဘောထားပျော့ပြောင်းသော နှလုံးခွဲစိတ်အထူးကုဆရာဝန် ပီဇက်ရှ်ကီယန်ဟာ သောကြာနေ့က ရွေးကောက်ပွဲမှာ သဘောထားတင်းမာတဲ့ ပြိုင်ဘက် ဆာ့ဒ်ဂျာလီလီကို အနိုင်ယူကာ ရွေးကောက်ခံ သမ္မတဖြစ်လာခဲ့ပါတယ်။

Ref: The Business Standard


LEAVE A REPLY

Please enter your comment!
Please enter your name here