အစိုးရဟောင်းရဲ့ ရွှေ့ပြောင်းဝင်ရောက်သူများ နယ်နှင်ရေးအစီအစဉ်ကို ဖျက်သိမ်းကြောင်း ဗြိတိန်ဝန်ကြီးချုပ်သစ် ကြေညာ

0
149

ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရဝမ်ဒါနိုင်ငံသို့ နယ်နှင်ပို့ဆောင်မယ့် အငြင်းပွားဖွယ် အစိုးရဟောင်းရဲ့ အစီစဉ်ကို ဖျက်သိမ်းကြောင်း ဗြိတိန်ရွေးကောက်ခံ ဝန်ကြီးချုပ်သစ် ကီယာ စတာမာက စနေနေ့မှာ ကြေညာခဲ့ပါတယ်။

ဗဟိုလက်ဝဲ လေဘာပါတီ ခေါင်းဆောင်ဖြစ်သူ စတာမာဟာ ကြာသပတေးနေ့က ရွေးကောက်ပွဲမှာ ခေတ်သစ်ဗြိတိသျှ သမိုင်းအတွင်း လွှတ်တော်အမတ်နေရာ အများဆုံးနဲ့ အနိုင်ရခဲ့ပြီးနောက် သောကြာနေ့မှာ ရာထူးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပေါင်သန်း ၃၇၀ ကုန်ကျမယ့် ၅ နှစ်တာ ရဝမ်ဒါအစီအစဉ်အရ ရွှေ့ပြောင်းဝင်ရောက်သူများကို ဗြိတိန်မှာ ဒုက္ခသည်အဖြစ် ပေးမနေဘဲ ဗဟိုအာဖရိကနိုင်ငံကို ပို့ဆောင်နေထိုင်စေမယ့်အစီစဉ်ကိုဖျက်သိမ်းတာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကို လူ့အခွင့်အရေးအုပ်စုတွေနဲ့ လူထုက ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြသလို တရားရုံးချုပ်ကလည်း ဥပဒေနဲ့ မညီကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ချက်လုပ်ကာ လွှတ်တော်သို့ ထပ်မံတင်ပြထားခဲ့တာဖြစ်ပါတယ်။

သောကြာနေ့မှာ နုတ်ထွက်သွားရတဲ့ ကွန်ဆာဗေးတစ်အစိုးရဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဒီအစီအစဉ်ကို စပြီးတင်ပြခဲ့ချိန်ကစလို့ ဗြိတိန်ကမ်းရိုးတမ်းကို ရွှေ့ပြောင်းအခြေချတွေ ထောင်ချီပြီး ထပ်မံရောက်ရှိလာခဲ့ပါတယ်။ ဒီမူဝါဒဟာဆန့်ကျင်ဘက် သက်ရောက်မှုသာ ရှိစေခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ အချက်အလက်တွေအရ ယခုနှစ်အတွင်း ပြင်သစ်မြောက်ပိုင်းမှတဆင့် ဗြိတိန်နိုင်ငံသို့ ဝင်ရောက်လာသူ လက်ရှိအထိ ၁၂၃၀၀ ဦးရှိနေပြီး ဒါဟာ ယမန်နှစ်အလားတူ ကာလကထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ယင်း အန္တရာယ်များတဲ့ ခရီးလမ်းမှာ ‌ေ-သဆုံးသူများစွာ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Ref: DW


LEAVE A REPLY

Please enter your comment!
Please enter your name here