လာအိုနိုင်ငံသို့ တရားဝင်လုပ်သားအနေဖြင့် သွားရောက်သူများပြားလာ

0
315

ယခင်က လူစိတ်ဝင်စားမှုနည်းသည့် လာအိုနိုင်ငံသို့ တရားဝင်လုပ်သားသွားရောက်သူ များပြားလာကြောင်း အေဂျင်စီများ၏ ပြောပြချက်အရ သိရသည်။

လာအိုနိုင်ငံသည် လုပ်ခလစာနည်းပါးသည့်အတွက် လူစိတ်ဝင်စားမှုနည်းပါးခဲ့သော်လည်း ယခုအခါ မလေးရှားနိုင်ငံမှ လုပ်သားခေါ်ယူမှု ပိတ်လိုက်သည့်အတွက် လာအိုနိုင်ငံသို့ လူစိတ်ဝင်စားမှုများလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသည့် လာအိုနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲ မတိုင်ခင်အထိ လုပ်သားစေလွှတ်မှုနည်းပါးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပိုင်းမှစတင်ကာ အေဂျင်စီများမှတဆင့် တရားဝင်လုပ်သားစေလွှတ်မှု များလာနေခြင်းဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံသည် ဆောက်လုပ်ရေး၊ ဂိမ်းဆိုင်၊ စားသောက်ဆိုင်များအတွက် လုပ်သားခေါ်ယူနေပြီး အခြေခံလစာ ဒေါ် လာ၂၅၀ (ကျပ် ၁၀ သိန်းနီးပါး)ရရှိကြောင်း သိရသည်။

အလုပ်သမားညွန်ကြားရေးဦးစီးဌာနအနေဖြင့် အေဂျင်စီတစ်ခုလျှင် အဆိုပါ နိုင်ငံဆီသို့ အလုပ်သမား (၁၂၀) ကျော် စေလွှတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here