အိမ်ကွင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်း ရတနာပုံအသင်းကို သရေ ရလဒ်သာ ထွက်ပေါ်

0
120

ယနေ့ ဇူလိုင်(၇)ရက်တွင် မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ – ၂ ၀၂၅ ပြိုင်ပွဲ ဒုတိယနေ့ အုပ်စုပွဲစဉ်တစ်ခုဖြစ်သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းကို ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သရေ ရလဒ်သာ ကစားနိုင်ခဲ့သည်။

ယနေ့ ပွဲစဉ်တွင် ဧရာဝတီယူနိုက်တက်အသင်းအတွက် ဂိုးကို ပွဲချိန် (၄၅) မိနစ်တွင် အောင်ပြည့်ဖြိုးမှ သွင်းယူပေးခဲ့ပြီး ရတနာပုံအသင်းအတွက် ဂိုးကို လူစားဝင်ရောက်လာသည့် ပြည်မိုးက ပွဲချိန် (၈၅) မိနစ်တွင် သွင်းယူပေးခဲ့ကြသည်။

ရတနာပုံအသင်းအနေဖြင့် ကစားသမားကောင်းများဖြင့် ဖွဲ့စည်းထားသည့် အသင်းတစ်သင်းဖြစ်သည်နှင့်အညီ မကြာသေးမီက ကျင်းပပြီးစီးခဲ့သော MNL LEAGUE CUP ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ခဲ့သော အသင်းတစ်သင်းလည်းဖြစ်သည်။

အလားတူ ယနေ့တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့၏ ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက (၁)ဂိုးသွင်းယူကာ အန်ိုင်ရရှိခဲ့သည်။

ထို့အတူ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်း ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဒဂုံပေါ့စ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ဟံသာဝတီယူနိုက်တက်အသင်းက (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပြည်တွင်းကလပ်အသင်းများ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို လေးနှစ်အကြာ အိမ်ကွင်းများတွင်ပြန်လည် ကျင်းပပြုလုပ်လာနိုင်ခြင်းလည်း ဖြစ်သည်။

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့် Week (1) ပွဲစဉ်များကို ဇူလိုင် (၆ ) ရက်မှ (၈)ရက်အထိ သုံးရက်ကြာ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပုံစာ-ယနေ့ ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည့် တောင်ကြီးကွင်း အားတွေ့ရစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here