မြန်မာ့ပြောင်း အိန္ဒိယနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတန်ချိန် သုံးသိန်းနီးပါးတင်ပို့ခွင့်ရ

0
144

အိန္ဒိယနိုင်ငံမှ မြန်မာ့ပြောင်းကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားပြီး ယခုအခါ အရောင်းအဝယ်သဘောတူစာချုပ်အရ တန်ချိန် သုံးသိန်းနီးပါးတင်ပို့ခွင့်ရကြောင်း The Hindu Businessline သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းကို အကောက်ခွန်ကင်းလွတ်ခွင့် အစီအစဉ်ဖြင့် စတင်တင်သွင်းလျက်ရှိကြောင်း သိရသည်။

Tamil Nadu ပြည်နယ် Thoothukudi မြို့ဆိပ်ကမ်းသို့ အနည်းဆုံး ပြောင်းသင်္ဘော(၃)စီး ဆိုက်ကပ်ခဲ့ပြီးဖြစ်ကာ ယခုဇူလိုင်လကုန်ပိုင်းတွင် နောက်ထပ်သင်္ဘောအနည်းငယ် ထပ်မံဆိုက်ရောက်လာဖို့ရှိကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံမှ ပြောင်းများစတင်ဝင်ရောက်လာပြီဖြစ်ကြောင်း၊ အရောင်းအဝယ် သဘောတူညီချက်အချို့ကို ညှိနှိုင်းလျက်ရှိစဉ် လတ်တလောတွင် ပြောင်းသင်္ဘော (၃) စီးသာ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်အထိ သဘောတူညီချက်ရပြီးဖြစ်သည့် အခြေအနေအရ နောက်ထပ်ပြောင်းသင်္ဘော (၁၀) စီးခန့် ထပ်မံဆိုက်ရောက်ရန်ရှိနေကြောင်း တမီနာဒူပြည်နယ် ဥစားကြက်မွေးမြူရေးသမားများ ဈေးကွက်ရှာဖွေရေးအသင်း (Tamil Nadu Egg Poultry Farmers Marketing Society -PFMS) ဥက္ကဋ္ဌ Vangili Subramanian က ပြောကြားခဲ့သည်။

ဦးစွာပထမ ပြောင်း (၁) တန်လျှင် ကန်ဒေါ်လာ (၂၆၈)နှင့်တင်သွင်းခဲ့ခြင်းဖြစ်ကာ ယခုအခါ ဈေးနှုန်းအနည်းငယ် မြင့်တက်သွားပြီဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ပြောင်းကို ပထမဦးဆုံးတစ်သုတ်တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ပြောင်းဈေးက ကန်ဒေါ်လာ ၂၆၈ ကနေ၊ ယခုမြင့်တက်သွားပြီဖြစ်ပါတယ်”ဟု Olam Agro India Ltd မှ တာဝန်ရှိသူ Sanjay Sancheti က ပြောကြားခဲ့သည်။

အရောင်းအဝယ်သဘောတူညီချက်အရ ပြောင်းတန်ချိန် (၃) သိန်းနီးပါးကို သွင်းကုန်ခွန်လွတ်တင်သွင်းမည်ဖြစ်ကာ ကော် မှုန့်(starch)ထုတ်လုပ်ပြီး ပြန်လည်တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံးကုန်တစ်သုတ်ကို ကော်မှုန့် (starch) ထုတ်လုပ်ရေးအတွက် အသုံးပြုမည်ဖြစ်ကာ ဒုတိယကုန်တစ်သုတ်ကို အီသနောရောစပ်ရန် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here