ရွှေညောင်မြို့တွင် ငွေကျပ်သိန်း (၂၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
179

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အမျိုးသား တစ်ဦးမှ စက္ကူဂျပ်ဖာများနှင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်(၄) ရက်၊ ညနေ (၅)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာဗဟိုရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် ရဲမင်းထွန်း အား စက္ကူဂျပ်ဖာများနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထိုသို့ စစ်ဆေးရှာဖွေရာ စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀၀ ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၂၅၀၀) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ(၆) နာရီ အချိန်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ရဲဝင်းသက် အား သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် လက်ကိုင်ဖုန်း (၁) လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် ရဲမင်းထွန်း(၄၄)နှစ် နှင့် ရဲဝင်းသက်(၂၃)နှစ်တို့အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here