Donbass တွင် ယူကရိန်း၏ကျူးလွန်ခဲ့မှုများကို အမေရိကန်မီဒီယာများက မသိဟန်ဆောင်နေ

0
492

Donbass တွင် ယူကရိန်းအစိုးရက ကျူးလွန်ခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာအချက်အလက်များကို ရုရှားဘက်မှ ပံ့ပိုးပေးခဲ့သော်လည်း အမေရိကန် မီဒီယာများက ယင်းအမှန်တရားကို မဖေါ်ပြခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Maria Zakharova က အဇ္ဇဘက်ရှားသတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။ ဖမ်းဆီးခံထားရသော ရုရှားစစ်သားတစ်ဦး သတ်ဖြတ်ခံရမှုအကြောင်း နှင့် နိုင်ငံခြားသတင်းထောက်များအဖွဲ့မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး၏ပြောကြားချက်တို့ကို ရည်ညွှန်း၍လည်း ပြောကြားခဲ့သည်။

“အမေရိကန် သတင်းထောက်တွေ၊ သတင်းဌာနတွေ၊ သတင်းစာတွေ၊ ရုပ်မြင်သံကြားနဲ့ အင်တာနက် ပလက်ဖောင်းတွေဟာ အပြစ်မဲ့ Donbass အရပ်သားတွေအပေါ် ယူကရိန်းတပ်သားတွေရဲ့ နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေကို ဘာမှမသိသလို ဟန်ဆောင်နေတာကို ကြည့်ရတာ ရယ်စရာကောင်းတယ်။ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တွေ၊ အမျိုးသားရေးဝါဒီ တပ်ရင်းတွေက ဖမ်းဆီးရမိထားတဲ့ လူတွေကို ညှဉ်းပန်း နှိပ်စက်ကြတာတွေကို သိရှိနေကြပေမယ့် ဂျာမန် ဆရာဝန် တစ်ယောက်ရဲ့ ပြောကြားချက်တွေကြောင့် ခုမှပဲ သူတို့သိရသလို၊ သူတို့အတွက် အသစ်အဆန်း ဖြစ်နေသလိုမျိုး ဟန်ဆောင်နေကြတယ်” ဟု Zakharova ၏ ပြောကြားချက်ကို ကိုးကား၍ အဇ္ဇဘက်ရှား သတင်းတွင် ဖော်ပြထားသည်။

“အဖြစ်မှန် အားလုံးကို ရုရှားဖက်ကသတင်းထောက်တွေ၊ Donbass မြို့ခံတွေနဲ့ ဒေသခံသတင်းထောက်တွေက သူတို့ရဲ့ အသက်တွေရင်းပြီး ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းကို ဖြန့်ဝေပေးခဲ့တာပါ။ ဒါပေမယ့် အမေရိကန် သတင်းထောက်တွေ၊ အမေရိကန် သတင်းဌာနတွေဟာ ဒီအမှန်တရားကို နည်းနည်းလေးတောင် မဖေါ်ပြခဲ့ဘူး” ဟု Maria Zakharova က မှတ်ချက်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here