မော်လမြိုင်ကျွန်းတွင် စပါးဖျက်ရွှေခရုများကျနေသည့်အတွက် လယ်သမားများ အခက်ကြုံနေရဟုဆို

0
241

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက ၁,၀၀၀ ကျော်တွင် စပါးဖျက် ရွှေခရုများ ဝင်ရောက်နေခြင်းကြောင့် လယ်သမားများ အခက်အခဲကြုံနေရကြောင်း စပါးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

ရွှေခရုများ ဝင်ရောက်နေချိန် တဘက်တွင်လည်း ပိုးသတ်ဆေးများ ဈေးအဆမတန် ကြီးမြင့်နေခြင်းကြောင့် လယ်သမားများအတွက် ရွှေခရုနှိမ်နင်းရန် အခက်အခဲများရင်ဆိုင်နေရကြောင်း သိရသည်။

စပါးဖျက်ရွှေခရုများသည် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရေလိမ်ကျေးရွာ၊ အောင်လှိုင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း (၂၀) ရွာရှိ လယ်ကွင်းများတွင် ကျရောက်နေပြီး နှိမ်နင်းရန် မနိုင်ခြင်းကြောင့် စိုက်ပျိုးထားသည့် မျိုးစပါးများကို စွန့်လွှတ်ရမည့် အနေအထားဖြစ်နေကြောင်း သိရသည်။

” ရွှေခရုဖျက်လို့ ပြန်စိုက်ရတာနှစ်ခါရှိပြီ။ အခုတော့ပြန်စိုက်ဖို့မရှိတော့ဘူး။ ရွှေခရုထပ်မကျဖို့ ရတဲ့နည်းနဲ့ဖြေရှင်းနေတာ မရတဲ့အပြင် အဆမတန် ထပ်တိုးထပ်တိုးကျနေတယ်” ဟု လယ်သမားတစ်ဦးကပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဒေသခံများသည် စပါးစိုက်ပျိုးသည့်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး နှစ်စဉ်မိုးစပါး ဧက ၂၅၂,၁၂၀ နှင့် နွေစပါး ၁၄၇,၈၇၁ ကို စိုက်ပျိုးထုတ်လုပ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here