အမှိုက်ကိုသတိနှင့်ပစ်ကြရေးမေတ္တာရပ်ခံနေ

0
146

ရန်ကုန်မြို့ရှိ ရေမြောင်းများတွင် ရေကြီးရေလျှံမှုမဖြစ်စေရန် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး မေတ္တာရပ်ခံချက်ဆိုင်းဘုတ်များကို မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တပ်ဆင်ထားကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရေမြောင်းများအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် မြောင်းများပိတ်ဆို့ပြီးရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် “ရေမြောင်းထဲအမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်”စာသားပါ အနီရောင် တားမြစ်သတိပေးချက် ဆိုင်းဘုတ် (၉) ခုကို ရေမြောင်းကြီးများပေါ်တွင် စိုက်ထူထားခြင်း ဖြစ်သည်။

မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှုူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူများ အမှိုက်များစနစ်တကျ စွန့်ပစ်စေရန် ဆိုင်းဘုတ်များ စိုက်ထူပြီးတားမြစ်ထားခြင်း ဖြစ်သည်။

အဆိုပါ သတိပေးချက် အနီရောင်ဆိုင်းဘုတ်များအောက်တွင် “မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များအား မြောင်းအတွင်းသို့ စွန့်ပစ်ခြင်း မပြုရန်နှင့် အမှိုက်များအား သတ်မှတ်နေရာများတွင်ရှိသော အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” စာသားပါ မေတ္တာရပ်ခံချက်အပြာရောင်ဆိုင်းဘုတ်များထပ်မံတပ်ဆင်ထားကြောင်း သိရသည်။

ကျင့်ဝတ်နှင့်ညီသော လူသား တစ်ယောက်ဖြစ်စေဖို့ NGO တစ်ခုကလည်း အမှိုက်ကိုအမှုမဲ့အမှတ်မဲ့ပစ်ခြင်းကို “တွေ့တယ်နော်”ဆိုသည့်ကမ်ပိန်းဖြင့် ပညာပေးလုပ်ဆောင်သလို အမှိုက်ပုံးများကိုလည်း ဖြန့်ဝေပေးခဲ့သည့်လုပ်ဆောင်မှုများဖြင့်ပါဝင်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here