လားရှိုးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်မည့်ကားများ တန်းစီစောင့်ဆိုင်းနေရ၊ ကားခများလည်း ဈေးအဆမတန် မြင့်တက်

0
167

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသောကြောင့် မြို့ခံများသည် လားရှိုးမြို့မှ ထွက်ခွာကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ပြင်ဆင်မှုများရှိနေပြီး လမ်းခရီးအခြေအနေနှင့် လုံခြုံရေးအခြေအနေများကြောင့် စစ်ရှောင်မည့် ကားအမြောက်အများ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

ယနေ့ ဇူလိုင် (၈)ရက်တွင် မြို့ခံများသည် အခြားမြို့များသို့ ပြောင်းရွှေ့နိုင်ရန် ထွက်ခွာနေကြကာ ကြံ့ခိုင်ရေးရုံးမှ မယ်ဟန်ဂိတ်အထိ (၅)မိုင်ခန့် ကားများတန်းစီကာပိတ်မိနေပြီး ကားခများလည်း အဆမတန်မြင့်တက်နေကြောင်း စစ်ရှောင်နေရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကားတန်းက ပိတ်မိနေတယ်။ ပြန်လှည့်တဲ့ ကားတွေလည်းရှိတယ်။ မယ်ဟန်စစ်ဆေးရေးဂိတ်တော့ သွားလို့ရသေးတယ်ပြောတယ်” ဟု အဆိုပါ အမျိုးသမီးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လားရှိုးမြို့တစ်မြို့လုံးရှိ နေအိမ်များ၊ ကားများတွင်လည်း အလံဖြူများ ပြထားကာ ယမန်နေ့ညက နှစ်ဖက်တိုက်ပွဲများကြောင့် မြို့ပျက်စီးပြီဟူ၍ ထင်မိရကြောင်း သူမကဆက်ပြောပြသည်။

“မန်ဆူဂိတ်မှာ သွားမေးတာ၊ တောင်ကြီးကိုလေ မနက်က တင် (၂၅) သိန်း၊ အခု သိန်း (၅၀) ဖြစ်သွားပြီ” ဟု လားရှိုးမြို့ခံတစ်ဦး ယနေ့ဖြစ်ပျက်‌နေသည့် ကားဈေးနှုန်း အခြေအနေများကို ပေါ်ပြူလာနယူးစ်သို့ ပြောပြသည်။

ယခုလက်ရှိတွင် Mytel နှင့် MPT တို့ ဖုန်းလိုင်းအသင့်အတင့် ကောင်းနေသေးကာ အင်တာနက်လိုင်းသည် ရသည့်အချိန်ရသလိုသုံးနေရကြောင်း မြို့ခံအမျိုးသမီးကပင် ပြောသည်။

လက်ရှိသတင်းရေးသားနေချိန်အထိ လားရှိုးမြို့တွင် အတက်လမ်းနှင့် အဆင်းလမ်းပါ ကားများရာချီပိတ်မိနေဆဲဖြစ်သည်။

လားရှိုးမြို့ အနီးဝန်းကျင်၌ တစ်ရက်ထက်တစ်ရက် တိုက်ပွဲပိုပြင်းထန်လာနေကာ အိမ်ကနေမရှောင်ဘူးဟု ဆုံးဖြတ်ထားသူ မြို့ခံအများစုသည်လည်း ဘေးလွတ်ရာသို့ နည်းလမ်းပေါင်းစုံဖြင့် စွန့်ခွာထွက်ပြေးနေကြရသည်။ ခရီးလမ်းဒဏ်မခံနိုင်သော သက်ကြီးရွယ်အိုနှင့် ရောဂါသည်များကတော့ကျန်ရစ်ခဲ့ကြသည်။

စစ်ရှောင်လူတွေအိမ်ကထွက်ပြေးဖို့စီစဉ်ချိန် အိမ်ရှိပစ္စည်းခိုးမည့် သူခိုးနှင့် ဘိန်းစားကလည်း လမ်းပေါ်မှာ အဆင်သင့်စောင့်ကြတယ်၊လူမရှိတဲ့အိမ်တွေဆိုသံပန်းကစဖြုတ်တော့ အိမ်တွေလည်းဟောင်းလောင်းဖြစ်နေကြောင်း မြို့ခံတစ်ဦးကဆိုသည်။

ယမန်နေ့ကလည်း လားရှိုးမြိူ့ ရပ်ကွက် (၅) တွင် လက်နက်ကြီးကျရောက်၍ ထိခိုက်‌‌ေ-သဆုံးမှုများရှိခဲ့ကာ ရပ်ကွက် (၇) ကွက်သစ် နယ်မြေ (၁၉) ထဲတွင် တစ်ချိန်တည်း (၄) ဦးပွဲချင်းပီး‌ေ-သဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here