စစ်ရေးလေ့ကျင့်မှုအတွက် အာရှ-ပစိဖိတ်ရေပြင်သို့ ရုရှား စစ်သင်္ဘောနှစ်စင်း စေလွှတ်

0
378

အာရှ-ပစိဖိတ်ဒေသမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွက် ရုရှားရေတပ်ရဲ့ ပစိဖိတ်ရေတပ်စုမှ စစ်သင်္ဘောနှစ်စင်းဟာ ရုရှားအရှေ့ဖျား ဗလာဒီဗော့စ်တော့ခ် ဆိပ်ကမ်းကနေ ထွက်ခွာသွားတယ်လို့ ရေတပ်စုရဲ့ သတင်းထုတ်ပြန်ရေးဋ္ဌာနက တနင်္လာနေ့မှာ ပြောဆိုကြောင်း အင်တာဖက်သတင်းက ဖော်ပြပါတယ်။

ရေတပ်စုရဲ့ ပင်မအခြေစိုက်စခန်းမှ ထွက်ခွာချိန်မှာ သင်္ဘောတွေပေါ်က ရေတပ်သားတွေဟာ တိုက်ပွဲနဲ့ ရွက်လွှင့်မှုအတွက် အရေးပေါ်ပြင်ဆင်မှုတွေ လက်တွေ့လုပ်ဆောင်ခြင်း၊ ကျဉ်းမြောင်းတဲ့ရေလမ်းကြောင်းကို ဖြတ်သန်းချိန်မှာ ပုံစံတူ ရန်သူ့လူမဲ့လေယာဉ်(UAV) တိုက်ခိုက်မှုကို တုန့်ပြန်တွန်းလှန်တဲ့ လေ့ကျင့်မှုလုပ်ဆောင်ခဲ့တယ်လို့ သတင်းဋ္ဌာနက ဆက်လက် ဖော်ပြခဲ့ပါတယ်။

Rezky နဲ့ Gromky စစ်သင်္ဘောနှစ်စင်းဟာ ပုံစံတူ ရန်သူ့ ရေငုပ်သင်္ဘောတွေကို ရှာဖွေ၊ ချေမှုန်းခြင်း အပါအဝင် အာရှ-ပစိဖိတ်ဒေသမှာ စစ်ရေးလေ့ကျင့်မှုများစွာကို လုပ်ဆောင်သွားမှာဖြစ်သလို လေကြောင်း ကာကွယ်ရေးနဲ့ ပင်လယ်ပြင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပူးတွဲနည်းစနစ်တွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံပိုင် သတင်းဋ္ဌာနရဲ့ ဖော်ပြချက်အရ Corvette အတန်းစား Rezky စစ်သင်္ဘောဟာ ရန်သူ့ ရေငုပ်သင်္ဘောတွေနဲ့ ရေပေါ်သင်္ဘောတွေကို တိုက်ခိုက်နိုင်စွမ်းရှိသလို ကမ်းရိုးတန်ပစ်မှတ်တွေနဲ့ ရန်သူ့လေယာဉ်တွေကို တန်ပြန်တိုက်ခိုက်နိုင်ကြောင်း သိရပါတယ်။ ယင်း သင်္ဘောဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာနဲ့ Gromky စစ်သင်္ဘောက ၂၀၁၈ ခုနှစ်မှာ ပစိတ်ဖိတ်ရေတပ်စုကို တပ်တော်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: Yahoo News


LEAVE A REPLY

Please enter your comment!
Please enter your name here