ယူကရိန်းမှ မြေမြှု-ပ်မိုင်းများရှင်းလင်းရေးကို ဂျပန်နှင့်ကမ္ဘောဒီးယားကူညီမည်

0
121

ဖနွမ်းပင်၊ဇူလိုင် ၇

ဂျပန်အနေဖြင့် ယူကရိန်းအပါအဝင် အခြားစစ်ဘေးသင့်နိုင်ငံများမှ မြေမြှု-ပ်မိုင်းများကိုာဖယ်ရှားရှင်းလင်းရေးတွင် ကမ္ဘောဒီးယားနှင့်အတူ ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာယိုကို ခါမီခါဝက ဖနွမ်းပင်ခရီးစဉ်အတွင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည်လည်း မြေမြှု-ပ်မိုင်းဒဏ်ခံရသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စစ်ပွဲပြီးဆုံးခဲ့သည်မှာ နှစ် ၃ဝာနီးပါးရှိပြီဖြစ်သော်လည်း ကျန်ရှိနေသည့်မြေမြှု-ပ်မိုင်းများ‌ကြောင့် ယနေ့အထိ လူ‌ေ-သဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရမှုများက ရှိနေဆဲဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားသည် မြေမြှု-ပ်မိုင်းနှိမ်နင်းရေးတွင် ကမ္ဘာ့တစ်ဝန်း၌ အကျွမ်းကျင်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး ယင်းသို့ရှင်းလင်းရေးအတွက်လည်း ဂျပန်နိုင်ငံနှင့် ၁၉၉၈ ခုနှစ်ကတည်းကစတင်လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

“ကမ္ဘောဒီးယားဟာ ဂျပန်နိုင်ငံရဲ့ ကမ္ဘာတစ်ဝန်း မြေမြှု-ပ်မိုင်း ဖယ်ရှားရေး ကြိုးပမ်းမှုမှာ မရှိမဖြစ် မိတ်ဖက်နိုင်ငံဖြစ်ပါတယ်” ဟုလည်း ၎င်းကသတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

ဂျပန်သည် လာမည့်ရက်သတ္တပတ်၌ ယူကရိန်းသို့ မိုင်းတူးဖော်ရေးစက်အကြီးတစ်လုံးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ဩဂုတ်လတွင် ကမ္ဘောဒီးယားရှိ ယူကရိန်းအေဂျင်စီများအား ယင်းစက်အသုံးပြုနည်းကို လေ့ကျင့်ပေးမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အေစီ


LEAVE A REPLY

Please enter your comment!
Please enter your name here