အဆိပ်ရှိငါး ကို တန်ဖိုးမြှင့်ခြင်း

0
157

လတ်တလောကမ္ဘောဒီးယားတွင်ငါးပူတင်းစားမိ၍ အစာအဆိပ်သင့်သူရှိနေရာ မြန်မာ့ပင်လယ်ကမ်းရိုးတန်းရှိ ကမ်းစပ်ရွာတချို့ကမိသားစုများငါးပူတင်းစား၍အစာအဆိပ်သင့်ပြီးမိသားစုလိုက်ဆုံးပါးသွားကြခြင်းမျိူးလည်းရှိခဲ့ဖူးသည်။

ဂျပန်တွင်Ph.D(Applied Marine Biosciences)ဘွဲ့သွားရောက်သင်ယူခဲ့သူ မစုစံကငါးပူးတင်းနှင့်ပတ်သက်သည့်အတွေ့အကြုံများကိုပေါ်ပြူလာနယူးစ်သို့မျှဝေထားသည်။

“ငါးပူတင်းရဲ့အဆိပ်က အသည်းနဲ့သည်းခြေကအဆိပ်တွေပါ။ဒါကြောင့်ဂျပန်မှာအဲ့ငါးကိုလိုင်စင်ရ ငါးကိုင်သူ (သားသတ်သမားလို)မှကိုင်ခွင့်ရတာလေ။

Japan လို fugu ဖုငု ငါးလို့ခေါ်တယ်။ဖုငု စကန ဆူရှီပေါ့။ဈေးကြီးတယ်။လူတိုင်းမဝယ်စားနိူင်ပါဘူး။

ပြောချင်တာကသူများနိူင်ငံမှာ အဆိပ်ရှိတဲ့ငါးကို ကျွမ်းကျင်သူ လက်မှတ်ရသူတွေသာ လိုင်စင်နဲ့ ငါးရောင်းခွင့်ရှိတာရယ်(စည်းကမ်းလိုက်နာတာပေါ့)၊ဈေးကြီးတော့ ဝင်ငွေပိုရတယ်ဆိုတာရယ် ( value added products) ဖြစ်သွားတာပေါ့။

တရုတ်ကတော့အရေခွံဝယ်ကြတယ်၊ချောင်းသာ ငွေသောင်ယံမှာရောင်းကြတယ်လေ။သုတ်စားကြတာပေါ့။မြန်မာတွေကတော့စားလေ့မရှိပါဘူး။

ချောင်းသာမှာငါးပူးတင်းငါးရဲ့ အဆိပ်ပါတဲ့ကလီစာတွေကိုတော့ မစင်တွင်းထဲပစ်ကြတယ်လို့သိရတယ်”ဟုရှင်းပြသည်။

ဆရာသက်နိုင်(ငါးဦးစီး-ငြိမ်း)ရေးသားသည့်ငါးပူတင်းအကြောင်းတွင်အဆိပ်အကြောင်းအောက်ပါအတိုင်းရေးသားထားသည်။

PFP အဆိပ်သင့်မှုသည် ငါးပူတင်းငါးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ Tetraodontidae Family အုပ်စုပါ ငါးပူတင်းငါးများမှ Tetrodotoxin ကိုထုတ်သဖြင့် စားသုံးမိသူများအတွက် ထိခိုက်မှုအန္တရာယ်ကြီးမားသည်။ ပင်လယ်ရေငန်တွင်သာ ရှင်သန်ပွားများနိုင်သည့် ဘက်တီးရီးယား တစ်မျိုးဖြစ်သည့် Marine Vibrios များသည် အဆိပ်( Toxin) တစ်မျိုးကိုထုတ်ပေးသည်။ အဆိုပါ ဘက်တီးရီးယားများသည် ပင်လယ်ရေထဲရှိ Microflora များတွင်ရှိနေပြီး ယင်းတို့ကို ငါးပူတင်းငါးများစားသုံးမှုကြောင့် ကြာလာသည်နှင့်အမျှ အဆိပ်များသည် ငါးပူတင်းငါးများတွင် စုပုံများပြား လာပါသည်။

ငါးပူတင်းအဆိပ်သည် ဆိုင်ယာနိုက် (Cyanide)ထက်အဆပေါင်း (၁၂၀၀) အဆိပ်ဖြစ်နိုင်စွမ်းရှိသည်။ ငါးပူတင်းငါးကို ကိုင်တွယ်ထိမိခြင်းဖြင့်လည်း အဆိပ်သင့်စေနိုင်ပါသည်။ စားသုံးမိသူ ၆၀% အထက်‌ေ-သဆုံးမှုရှိကြောင်း အထောက်အထားများအရ သိရှိရသည်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here