ဖိလစ်ပိုင်နဲ့ ဂျပန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

0
124
Philippine Secretary of Foreign Affairs Enrique Manalo (L) and Japan's Foreign Minister Yoko Kamikawa attend a bilateral meeting in Manila on July 8, 2024. - The Philippines and Japan signed a key defence pact on July 8 that will allow the deployment of troops on each other's territory, as they boost ties in the face of China's growing assertiveness. (Photo by Ted ALJIBE / AFP)

နှစ်နိုင်ငံမြေပေါ်မှာ တပ်တွေ အပြန်အလှန်ချထားမှုကို ခွင့်ပြုတဲ့ အပြန်အလှန်ဝင်ရောက်ခွင့် သဘောတူစာချုပ်(RAA) ကို ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။ ဒါဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေစဉ် သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုမှာ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့ (ဇူလိုင် ၈) မှာ ပြောဆိုပါတယ်။

မြို့တော် မနီလာမှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုအတွင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တီအိုဒိုရိုနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါတို့က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာရဲ့ ရှေ့မှောက်မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ သမ္မတရုံး သတင်းပြန်ကြားရေးအတွင်းဝန် ချယ်လွိုင် ဂရပ်ဖီလ်က ပြောဆိုပါတယ်။

အဆိုပါ သဘောတူညီချက်အရ အလည်အပတ်ရောက်ရှိလာတဲ့ ပြည်ပတပ်ဖွဲ့အတွက် တပ်ဖွဲ့ဝင်တွေနဲ့ ပစ္စည်းကိရိယာတွေ ဝင်ရောက်ရာမှာ ပိုမိုလွယ်ကူစေခြင်းကဲ့သို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လွယ်ကူချောမွေ့စေတဲ့ မူဘောင်တစ်ခု ဖန်တီးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်ဟာ အာရှဒေသမှာ ဂျပန်နိုင်ငံက ပထမဆုံး လက်မှတ်ရေးထိုးတဲ့ သဘောတူညီချက်ဖြစ်ပြီး နှစ်နိုင်ငံ လွှတ်တော်တွေက အတည်ပြုပြီးခဲ့ပါက အသက်ဝင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 

ဖိလစ်ပိုင်မှာ ဂျပန်စစ်တပ်ထားရှိခြင်းဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ် မနီလာကာ တန်ပြန်ရာမှာ အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရှေ့တာင်အာရှနိုင်ငံ အများအပြားဟာ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ နယ်မြေအငြင်းပွားမှု ဖြစ်နေခဲ့ပါတယ်။

Ref: ဂျာကာတာပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here