မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၃)ပွဲတွင် နိုင်ငံခြားသား ကစားသမား(၂)ဦးနှင့် မြန်မာကစားသမား(၁)ဦး အကောင်းဆုံးကစားသမားဆု ရရှိ

0
157

ယမန်နေ့ ဇူလိုင် (၇)ရက် ညနေပိုင်းက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြည်တွင်းကလပ်အသင်းများ၏ အိမ်ကွင်းများ၌ ကစားခဲ့ကြသော ပွဲစဉ်သုံးပွဲတွင် နိုင်ငံခြားသားကစားသမား (၂) ဦးနှင့် မြန်မာကစားသမား(၁)ဦးတို့ အကောင်းဆုံးကစားသမားဆုတစ်ဆုဖြစ်သည့် Man of The Match ဆု အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ AYA Pay ကချီးမြှင့်သည့် Man of The Match ဆုကို ရှမ်းယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မာ့ခ်ဆာကီ၊ Dagon Port အသင်း ရှေ့တန်းတိုက်စစ်မှူး Mogou နှင့် ဧရာဝတီယူနိုက်တက်အသင်း ကစားသမား ရာဇာအောင်တို့က ရရှိခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သုံးဦးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဉက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ Myanmar National League Chief Operating Officer ဦးတင်ထွန်းအောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆုကြေးငွေ ကျပ် (၃၀၀,၀၀၀) ကို အသီးသီးပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကောင်းဆုံး အားကစားသမားဆုဖြစ်သည့် AYA Pay Man of the Match ဆုကို Myanmar National League 2024/2025 ပွဲစဉ်တိုင်းတွင် ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထားသည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here