ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့်လာသည့် ရွေးကော်

0
125

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန်ရှိသည်များကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

ယမန်နေ့ ဇူလိုင် (၇)ရက်က တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သော မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စတုတ္ထအကြိမ်) တွင် ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခဲ့ကြောင်း ပြောသည်။

ထို့ပြင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသာမက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲအကြိုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံဆိုင်ရာလုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်နေအောင် ကြိုတင်လေ့လာထားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက်ကြပြီး ဇူလိုင် (၇) ရက်မှ (၁၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here