Myanmar National League 2024/ 2025 Week(1) နောက်ဆုံးပွဲစဉ်အဖြစ် အား/ကာသိပ္ပံ အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်

0
121

Myanmar National League 2024/ 2025 Week(1) နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ ဇူလိုင်(၈)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ YUSC ကွင်းတွင် အား/ကာသိပ္ပံအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မဟာယူနိုက်တက်အသင်း (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ အသင်းနှစ်သင်း၏ ပွဲစဉ်သည် Week(1)နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်ကာ အသင်းအလိုက် အမှတ်ပေး ဇယားရပ်တည်မှုစာရင်း ထုတ်ပြန်လာခြင်းမရှိသေးပေ။

ယနေ့ ပွဲစဉ်တွင် AYA Pay Man of the Match ဆုကို မဟာယူနိုက်တက် အသင်း မှ ကွင်းလယ်ကစားသမား ကျော်စွာမင်း က ရရှိခဲ့ကာ ငွေကျပ် (၃၀၀,၀၀၀)နှင့်အတူ အထိမ်းအ မှတ်ဆုတံဆိပ်အား ပြိုင်ပွဲကြီးကြပ်သူ ဦးဘုန်းညွှန့်က ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အကောင်းဆုံးကစားသမားဆု AYA Pay Man of the Match ကို ပွဲစဉ်တိုင်းတွင် ပေးအပ်ချီးမြှင့်သွားမည်ဟုလည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here