အင်ဒိုနီးရှား၌ မြေ-ပြို၍ ၁၂ ဦး‌ေ-သဆုံး

0
278

ဂျကာတာ၊ဇူလိုင် ၈

အင်ဒိုနီးရှားနိုင်ငံစူလာဝေစီကျွန်းရှိ တရားမဝင်ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခု၌ ‌မြေ-ပြိုမှုကြောင့် လူ ၁၂ ဦး ထက်မနည်း ‌ေ-သဆုံးခဲ့ပြီး ၁၈ ဦး ပျောက်ဆုံးနေကြောင်းသိရသည်။

“ဂိုရွန်တာလိုပြည်နယ် စူဝါးဝါးခရိုင်မှာ တနင်္ဂနွေနေ့မနက်ပိုင်းက မြေ-ပြိုလို့ မိုင်းတွင်းအနီး ရွှေတူးသူတွေနဲ့ ဒေသခံတွေ‌ေ-သဆုံးခဲ့ပါတယ်” ဟု ဒေသတွင်းကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲကပြောကြားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ ငါးဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ပျောက်ဆုံးနေသူ ၁၈ ဦးကို ကယ်ဆယ်ရေးအဖွဲ့ သည်တနင်္လာနေ့အထိ ဆက်လက်ရှာဖွေနေကြောင်းပြောကြားခဲ့သည်။

“ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် နိုင်ငံအဆင့်ကယ်ဆယ်ရေးအဖွဲ့၊ရဲနဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေပါဝင်တဲ့ အမှုထမ်း ၁၆၄ ဦးကို စေလွှတ်ထားပါတယ်၊အသုံးပြုနိုင်တဲ့အနေအထားရောက်တာနဲ့ မြေတူးစက်ကိုသုံးဖို့ကြိုးစားသွားမှာပါ” ဟုလည်းဆိုခဲ့သည်။

သို့သော်လည်း ကယ်ဆယ်ရေးသမားများသည် မြေ-ပြိုသည့်နေရာသို့ ရောက်ရန် ကီလိုမီတာ ၂၀ ခန့် လမ်းလျှောက်ရမည်ဖြစ်ပြီး ယင်းဒေသ၌ ဆက်လက်၍ မိုးရွာသွန်းနေခြင်းကြောင့် လမ်းပေါ်တွင် ရွှံ့နွံထူထပ်မှုများဖြစ်နေသဖြင့် ကြန့်ကြာမှုများရှိနေသည်သည်ဟုလည်းသိရသည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here