နိုင်ငံတကာနှစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ၂၀၂၅ ခုနှစ် ပြက္ခဒိန်တွင် ပါဝင်လာ

0
500

ယခုလာမည့်နှစ် ၂၀၂၅ ခုနှစ် ပြက္ခဒိန်တွင် နိုင်ငံတကာနှစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ထည့်သွင်းဖော်ပြလာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့် နေ့ရက်များ၊ မြန်မာနှစ်ကူးနေ့ရက်များ၊ ကရင်နှစ်ကူးနေ့ရက်များကို နှစ်စဉ်ပြက္ခဒိန် နှစ်တနှစ် မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးမြဲဖြစ်သည်။

၂၀၂၅ ခုနှစ်အတွက် ပြက္ခဒိန် ထုတ်ပြန်ရာတွင်မူ နိုင်ငံတကာနှစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ပါဝင်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင်နိုင်ငံတနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူအလုပ်ပိတ်ရက်အဖြစ်သတ်မှတ်သည့် ဇန်နဝါရီလ (၁)ရက် နိုင်ငံတကာနှစ်ကူးနေ့အား မြန်မာနိုင်ငံတွင်လည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နှစ်ကူးကိုလည်း ဒေသတွင်း အခြားအာဆီယံနိုင်ငံများ၊ အချို့သော ကမ္ဘာ့နိုင်ငံများကဲ့သို့လည်းကောင်း၊ အိမ်နီးချင်း မိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့်လည်းကောင်း အများပြည်သူအလုပ် ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း နစကထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here