အမျိုးသားယဉ်ကျေးမှုအနုပညာ တက္ကသိုလ်( ရန်ကုန်နှင့် မန္တလေး) တွင် ယခုပညာသင်နှစ်အတွက် သင်တန်းသားခေါ်ယူ

0
160

ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် ပညာအထူးပြုပညာရပ်များ သင်ကြားပေးမည့် အမျိုးသားယဉ်ကျေးမှုအနုပညာ တက္ကသိုလ်( ရန်ကုန်နှင့် မန္တလေး) တွင် ယခုပညာသင်နှစ်အတွက် သင်တန်းသားခေါ်ယူနေကြောင်း သိရသည်။

သင်တန်းလျှောက်လွှာများကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှစ၍ နိုဝင်ဘာလအထိ သက်ဆိုင်ရာကျောင်းတွင် လျှောက်လွှာပုံစံထုတ်ယူပြီး လျှောက်ထားနိုင်ကြောင်းလည်း ဖော်ပြထား သည်။

လေးနှစ်တာ တက်ရောက်ရမည့် ပထမနှစ်သင်တန်းများကို ဂီတပညာ အထူးပြု ဝိဇ္ဇာဘွဲ့ (ဂီတ)၊ သဘင်ပညာ အထူးပြု ဝိဇ္ဇာဘွဲ့(သဘင်)၊ ပန်းချီပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းချီ)၊ ပန်းပုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်း ပု)၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်)နှင့် ယဉ်ကျေးမှု အမွေ အနှစ်စီမံခန့်ခွဲမှု ပညာအထူးပြု ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု) တို့ကို သင်ကြားပေးမည်ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုအနုပညာ တက္ကသိုလ် (မန္တလေး)တွင်မူ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများ လျှောက်ထားတက်ရောက်နိုင်ကြမည် ဖြစ်သည်။

တက်ရောက်လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်ဖြစ်ကာ သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်ဖြစ်သည်။

အနုပညာဝါသနာပါသူဖြစ်ရမည်ဖြစ်သလို တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ကာ မိတ္တူကို တစ်ပါတည်းပူးတွဲလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ် ဓာတ်ပုံ (၇)ပုံတို့ကို ပူးတွဲ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်မှစ၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့လည်းကောင်း ပေးပို့နိုင်ကာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကိုမူ ဇူလိုင်လ (၁)ရက်မှစ၍ လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း လျှောက်လွှာများကို တိုက်ရိုက် ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် နိုဝင်ဘာလ (၂၀) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉)နာရီတွင် စွယ်တော်ဆောင်တွင် လူတွေ့ စစ်ဆေးမည်ဖြစ်ကာ ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ (၂၂) ရက်၊ သောကြာနေ့တွင် စွယ်တော်ဆောင်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သလို မန္တလေးတွင်မူ နိုဝင်ဘာလ (၁၂) ရက်၊ နံနက် (၉) နာရီတွင် လူတွေ့ စစ်ဆေးမည်ဖြ စ်ပြီး ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ (၁၄)ရက်တွင် သင်တန်းရေးရာဌာန ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ၀၈၅ – ၄၇၄၀၁၈၄၊ ၀၉ – ၂၅၀၇၆၂၂၀၃ နှင့် မော်ကွန်းထိန်း၊ ၀၉ – ၄၀၀၄၀၄၁၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ၀၉ – ၄၂၁၀ ၁၂၈၀၈ နှင့် မော်ကွန်းထိန်း၊ ၀၉ – ၇၈၈၁၈၉၁၈၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here