ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကို ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ငြင်းပယ်

0
158

ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ငြင်းပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ ပါတီ ဆက်လက်တည်ထောင်မှတ်ပုံတင်ပေးပါရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၆) ပါ ပြဋ္ဌာန်းချက်များနှင့် ညီ ညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း၊ အလားတူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၅) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း UEC က ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် (၈) ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီ ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here