ဟန်ဂေရီသည် ယူကရိန်းစစ်၌ ကြားဝင်ဖျန်ဖြေသူ မဖြစ်နိုင်—ဇလန်းစကီး

0
93

ကိဗ်၊ဇူလိုင် ၉

ယူကရိန်းသမ္မတဇလန်းစကီးက ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊အ‌မေရိကနှင့် ဥရောပသမဂ္ဂတို့ကဲ့သို့သော နိုင်ငံများနှင့် အဖွဲ့အစည်းများမပါဘဲ ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်သည် ၂၈ လတာကာလသို့ရောက်လာပြီဖြစ်သည့် ရုရှား – ယူကရိန်းအရေးအား ဖြေရှင်းနိုင်မည်မဟုတ်ဟုဆိုခဲ့သည်။

အော်ဘန်သည် ပြီးခဲ့သည့်ရက်သတ္တပတ်က ကိဗ်နှင့်မော်စကိုသို့သွားရောက်ခဲ့ပြီးနောက် ပေကျင်းသို့သွားကာတရုတ်သမ္မတရှီကျင့်ဖျင်နှင့်လည်းတွေ့ဆုံခဲ့ပြီး ရုတ်တရက်စီစဉ်လိုက်သည့် ၎င်း၏ခရီးစဉ်သည် “ငြိမ်းချမ်းရေးမစ်ရှင်” တတိယအကျော့အဖြစ် ပေကျင်းသို့ရောက်ရှိလာခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ဝါရှင်တန်၌ အင်္ဂါနေ့တွင်စတင်မည့် နေတိုးထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ရန်ပြင်ဆင်နေချိန်တွင် ဇလန်းစကီးက အင်အားကြီးစီးပွားရေးနိုင်ငံ သို့မဟုတ် ရုရှားထက် လက်နက်ကိုင်တပ်ဖွဲ့အင်အား ပိုကောင်းသည့် နိုင်ငံများကသာ ဖျန်ဖြေရေးတာဝန်ကို စီမံခန့်ခွဲနိုင်လိမ့်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအတွင်း ပြစ်တင်ရှုံ့ချမှုကို ဖြစ်စေခဲ့သည့် ပူတင်နှင့် မစ္စတာအော်ဘန်တို့၏ စေ့စပ်ညှိနှိုင်းမှုသည် ကိဗ်အားအသိပေးပြုလုပ်ခဲ့သည့် ညှိနှိုင်းမှုမျိုးမဟုတ်ကြောင်းလည်း ဇလန်းစကီးကပြောကြားခဲ့သည်။

ယူကရိန်းသည် ပိုလန်၌ ဇွန်လက ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တရုတ်နိုင်ငံကိုဖိတ်ကြားခဲ့သော်လည်း ပေကျင်းက‌တက်ရောက်ခြင်းမရှိခဲ့ပေ။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here